Pages

Pages - Menu

Saturday, April 26, 2014

အင်းလျားကန်ပေါင်နံဘေး ရပ်ထားသည့် လင်ခရူဆာယာဉ်အား အမျိုးသားငါးဦးက ဓားပြတိုက်ကာ လက်ဝတ်ရတနာနှင့် ယာဉ်အား လုယူမောင်းနှင်


RangonNewsDaily: March . 26 .2014
ရန်ကုန်မြို့ လှိုင်မြို့နယ်ရှိ အင်လျားကန်ပေါင်နံဘေး ရပ်ထားသည့် လင်ခရူဆာ ယာဉ်ပေါ်ရှိ လူငယ်နှစ်ဦးအား အမျိုးသားငါးဦးက ခြိမ်းခြောက်ကာ လက်ဝတ်ရတနာများနှင့် ယာဉ်အား လုယူမောင်းနှင်သွားမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဧပြီ ၂၄ ရက် နံနက် ၄ နာရီခွဲခန့်တွင် ကမာရွတ်မြို့နယ်နေ ကိုအောင်ငြိမ်းသန့်သည် ၎င်း၏သူ ငယ်ချင်းများဖြစ်သည့် စိုးရန်နိုင်၊ မြင့်လွင်၊ ယွန်းငဲ့ဖြူ၊ ယမင်းကေခိုင်၊ မေသဇင်ဦးတို့နှင့်အတူ လှိုင်မြို့နယ်၊ ပြည်လမ်းရှိ အင်းလျားကန်ပေါင်သို့ အဖြူရောင် လင်ခရူဆာယာဉ်ဖြင့် သွားရောက်ခဲ့ကြောင်း သိရသည်။

ထိုသို့သွားရောက်ပြီး စိုးရန်နိုင်၊ မြင့်လွင်၊ ယွန်းငဲ့ဖြူ၊ ယမင်းကေခိုင်တို့မှာ ကန်ပေါင်ပေါ်သို့ ဦးစွာတက်သွားခဲ့ပြီး ကိုအောင်ငြိမ်းသန့်နှင့် မေသဇင်ဦးတို့မှာ ယာဉ်ပေါ်တွင် ကျန်နေခဲ့စဉ် အမည်မသိ အမျိုးသားငါးဦး ရောက်ရှိလာကာ ကိုအောင်ငြိမ်းသန့်အား ချွန်ထက်သောအရာဖြင့် ထိုးခဲ့ကြောင်း သိရသည်။

ယင်းသို့ အထိုးခံရမှုကြောင့် ယာလက်ဖျံပေါက်ပြဲ ဒဏ်ရာရရှိခဲ့ပြီး မမေသဇင်ဦးထံမှ စုစုပေါင်း ငွေကျပ်သုံးသိန်းခွဲခန့်ရှိ ရွှေလက်စွပ်နှစ်ကွင်းနှင့် ရွှေဆွဲကြိုးတစ်ကုံးတို့ကို ယူဆောင်ခဲ့ကြောင်း သိရသည်။
::
ထို့အပြင် ၎င်းတို့နှစ်ဦးကိုလည်း ယာဉ်နှင့်အတူ ခေါ်ဆောင်သွားခဲ့ကာ ရွာသာကြီးကျေးရွာ၊ အမှတ်(၂)လမ်းမရှိ သပြေခြံ ကားမှတ်တိုင်အနီးတွင် ယာဉ်ပေါ်မှချထားခဲ့ပြီး အဆိုပါ အမျိုးသားငါးဦးမှ ယာဉ်အား ရယူမောင်းနှင် သွားခဲ့ကြသည်။

"ပြစ်မှုကျူးလွန်တဲ့သူတွေကို ဖမ်းဆီးရမိခြင်း မရှိသေးပါဘူး။ သူတို့ကို အမြန်ဆုံး ဖမ်းဆီးနိုင်ဖို့အတွက် တိုင်း၊ ခရိုင်အထူးအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်" ဟု လှိုင်မြို့မရဲစခန်းက တာဝန်ကျ ရဲအရာရှိက ဧပြီ ၂၅ ရက်က ဆိုသည်။
အဆိုပါဖြစ်စဉ်ကို လှိုင်မြို့မရဲစခန်းက ပြစ်မှုပုဒ်မ ၃၉၅ ဖြင့် အမှုဖွင့်ကာ ကျူးလွန်သူများအား ဖမ်းမိရေး စုံစမ်းလျက်ရှိသည်။
::
ယင်းဖြစ်စဉ်နည်းတူ ဧပြီ ၁၉ ရက် ည ၉ နာရီခန့်တွင်လည်း မင်္ဂလာတောင်ညွှန့် မြို့နယ်၊ သပြေကုန်းရပ်ကွက်၊ ၁၂၅ လမ်းနေ ဇော်ဇော်လွင် အသက် (၃၃)သည် ယာဉ် အမှတ် (..)နစ်ဆန်းအေဒီဘင် အငှားယာဉ်အား မင်္ဂလာတောင်ညွှန်မြို့နယ်၌ အသက် (၂၀) ၀န်းကျင်ခန့်ရှိ လူငယ်လေးဦးမှ ကမာရွတ်မြို့နယ် လှည်းတန်းသို့ သွားလိုကြောင်းပြောကာ ငှားရမ်းသဖြင့် ကျပ် ၃၅၀၀ ဖြင့် လိုက်ပို့ခဲ့ကြောင်း သိရသည်။

ယင်းနောက် လှည်းတန်းခုံးတံတားအဆင်း ပြည်လမ်းတက္ကသိုလ်ဝင်ပေါက် အနီးအရောက် ယာဉ်မောင်းဇော်ဇော်လွင်၏ နောက်၌ထိုင်နေသည့် လူငယ်မှ၏ လည်ပင်းအား နောက်မှသိုင်းဖက်ပြီး ဓားဖြင့်ထောက်သဖြင့် ရုန်းကန်စဉ် အဆိုပါ လူငယ်လေးဦးမှ ၎င်းအား လက်ဖြင့်ရိုက်ကာ လက်နှစ်ဖက်အား မိုးကာအင်္ကျီဖြင့် ချည်နှောင်ထားပြီး ကားနောက်ခန်းသို့ ပြောင်းရွှေ့ထိုင်ခိုင်းခဲ့ကြောင်း သိရသည်။
::
ထို့နောက် ၎င်းတို့ထဲမှတစ်ဦးက ကားအား မောင်းနှင်ခဲ့ပြီး သာကေတမြို့နယ်၊ တိုင်းရင်းသားကျေးရွာအနီး ရတနာအိမ်ရာ (၄)လမ်းအရောက် ကားရပ်၍ ဇော်ဇော်လွင်၏ ခါးကြားတွင် ထိုးထားသော အနက်ရောင် ပိုက်ဆံအိတ်အတွင်းမှ ငွေကျပ် ၃၀၀၀၀ ခန့်၊ ယာဉ်မောင်းလိုင်စင်(၁)၊ လက်ကိုင်ဖုန်း တစ်လုံးတို့အား လုယူပြီး ဇော်ဇော်လွင်အား ကားပေါ်မှဆွဲချကာ ကားကိုမောင်းနှင် ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်ကို ကမာရွတ်ရဲစခန်းတွင်ပင် အမှုဖွင့်ထားကာ ကျူးလွန်သူလေးဦးအား ဖမ်းဆီးရေး ဆောင်ရွက်လျက်ရှိပြီး အငှားယာဉ်မှာ သင်္ဃန်းကျွန်းမြို့မရဲစခန်းက ရဲတပ်ဖွဲ့ဝင်များ သင်္ဃန်းကျွန်းမြို့နယ်တွင် တွေ့ရှိခဲ့သည့်အတွက် သက်ဆိုင်ရာ ရဲစခန်းသို့ လွှဲပြောင်းအပ်နှံ ထားပြီဖြစ်ကြောင်း သိရသည်။
::
(ဓားပြမှုဖြစ်ပွားရာ အင်းလျားကန်ပေါင်ရှေ့ ပြည်လမ်းမတစ်လျှောက်အား တွေ့ရစဉ် (ဓာတ်ပုံ - မင်းသိန်းနိုင်))

Eleven Media ::--kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment