Pages

Pages - Menu

Sunday, April 20, 2014

ဧပြီ ၁၉ ရက် ညပိုင်းက မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးရဲမြင့် နေအိမ်အတွင်း မီးလောင်ကျွမ်းမှု ဖြစ်ပွား

ဧပြီ ၁၉ ရက် ညပိုင်းက မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည့် မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ်နေအိမ်အား တွေ့ရစဉ်
RangonNewsDaily: April . 20 .2014
ဧပြီ ၁၉ ရက် ညပိုင်းက မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးရဲမြင့်နေအိမ်အတွင်း၌ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရ
သည်။
အဆိုပါ မီးလောင်ကျွမ်းမှုမှာ အောင်မြေသာစံမြို့နယ်မဟာဇေယျာဘုံရပ်ကွက် ၆၅ လမ်း၊၂၃ လမ်းနှင့်၂၄ လမ်းအကြားရှိ မန္တလေးတို
င်းဒေသကြီး ၀န်ကြီးချုပ်၏ နေအိမ်အတွင်း၌ ဧပြီ ၁၉ ရက် ည ၈ နာရီခွဲခန့် က မီးစတင်လောင်ကျွမ်းခဲ့ကာ ၈ နာရီ ၄၅ မိနစ်ခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း စုံစမ်းသိရသည်။

“မီးလောင်တာက ည ၈ နာရီ ခွဲလောက်မှာပါ။ နေရာက ၀န်ကြီးချုပ် ဦးရဲမြင့်အိမ်လို့ သိပါတယ်။ နေအိမ်အတွင်းထဲမှာ လောင်နေ

တာကို မြင်ရပါတယ်။ မီးသတ်တပ်ဖွဲ့နဲ့ ရဲတပ်ဖွဲ့တွေကလွဲပြီးတော့ ဘယ်သူ့ကိုမှ ၀င်ခွင့်မပေးတာကိုလည်း တွေ့ရပါတယ်”ဟု မဟာဇေယျာဘုံရပ်ကွက်အတွင်း နေထိုင်သူတစ်ဦးက ပြောကြားသည်။

အဆိုပါ တိုင်းဒေသကြီးဝန်ကြီးချုပ် နေအိမ်မီးလောင်ကျွမ်းရာသို့မီးသတ်တပ်ဖွဲ့များမှအချိန်မီ မီးငြှိမ်းသတ်နိုင်ခဲ့ကြပြီးမီးလောင်ကွ
ျမ်း
ရာသို့ သတင်းလာရောက်ရယူကြသည့် မြို့ခံ သတင်းမီဒီယာသမားများအား ရဲတပ်ဖွဲ့ဝင်များက နေအိမ်အတွင်းသို့ သတင်းရယူခွင့် မပြုခဲ့သည့်အပြင် နေအိမ်အပြင်ဘက်မှ သတင်းရယူနေကြသည့် သတင်းသမားများအား ဟန့်တားမှုများ ပြုလုပ်ခဲ့ခြင်းကြောင့် ရုန်း
ရင်းဆန်ခတ်မှုများလည်း ဖြစ်ပွားခဲ့သည်။ အဆိုပါ မီးလောင်ကျွမ်းရာသို့ သတင်းရယူရာတွင် ရဲတပ်ဖွဲ့ဝင်များ၏ တားဆီးဟန့်တား
မှုများကြောင့် မြို့ခံသတင်းမီဒီယာများမှ ဝေဖန်မှုများလည်း ရှိနေကြသည်။

“မီးလောင်တဲ့နေရာက အစိုးရဌာနဆိုင်ရာ ရုံးဖြစ်နေတဲ့အတွက် မီးလောင်မှုနဲ့ပက်သက်ပြီး အရေးယူမှုအပိုင်းတွေနဲ့ သတင်း

ထုတ်ပြန်ချက်တွေကိုတော့ သက်ဆိုင်ရာအစိုးရဌာနက တာဝန်ရှိသူတွေကို တိုက်ရိုက်မေးမြန်းစေလိုပါတယ်။ မီးသတ်ဌာနက သတင်းထုတ်ပြန်ချက်နဲ့ အစိုးရဌာနက သတင်းထုတ်ပြန်ချက်နှစ်ခုက ကွဲလွဲမှုတွေ ရှိနေမှာစိုးတဲ့အတွက် လောလောဆယ်တော့ သတင်းထုတ်ပြန်ပေးလို့ မရသေးပါဘူး”ဟု မန္တလေးတိုင်းမီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မီးလောင်ကျွမ်းမှုဖြစ်စဉ်များအား မန္တလေးတိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့မှူးရုံးမှ သတင်း

ထုတ်ပြန်ချက်များ ထုတ်ပြန်ပေးခဲ့သော်လည်း ယခုတိုင်းဒေသကြီး ၀န်ကြီးချုပ်နေအိမ်အတွင်း မီးလောင်ကျွမ်းမှုဖြစ်စဉ်တွင် မီးလောင်ကျွမ်းရသည့်အကြောင်းရင်း ဖြစ်စဉ် နှင့် ပျက်စီးဆုံးရှုံးမှု တန်ဖိုးအား သတင်းထုတ်ပြန်ပေးရန်အတွက် စစ်ဆေးလျက်ရှိကြောင်းသာ ပြောဆိုခဲ့ပြီး မီးလောင်ကျွမ်းမှုဖြစ်စဉ်နှင့် အရေးယူဆောင်ရွက်သွားမည့် အကြောင်းအရင်းများနှင့် ပတ်သက်၍ သက်ဆိုင်ရာက သတင်ထုတ်ပြန်လာမည့် အခြေအနေများကို မန္တလေးမြို့ခံများမှ စိတ်ဝင်စားနေမှုများ ရှိနေကြကြောင်း သိရသည်။

“အခု မီးလောင်သွားတဲ့ အဆောက်အအုံကတော့ ၀န်ကြီးချုပ်အတွက် နေရာချထားပေးထားတဲ့ အိမ်တော့ ဟုတ်ပါတယ်။ ဒါပေမဲ့ ၀န်ကြီးချုပ်ကတော့ မနေတာက များပါတယ်။ အိမ်ကတော့ လုံခြုံရေးအစောင့်တွေတော့ အမြဲတမ်းတွေ့နေရတယ်”ဟု မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးနှင့် နီးစပ်သူတစ်ဦးက ပြောကြားခဲ့ပါသည်။

“အရင်မီးလောင်မှုတွေဆိုရင် မီးလောင်ပြီး နာရီအနည်းငယ်အကြာမှာ သတင်းအချက်အလက်က တိုင်းမီးသတ်မှာ တက်နေပြီ။ အခု မီးလောင်မှုဖြစ်စဉ်ကိုကျတော့ သက်ဆိုင်ရာအစိုးရအဖွဲ့အစည်းကို ပြန်လွှဲတယ်။ နောက်ပြီး မီးလောင်ရာ နေရာတစ်ဝိုက်ကိုလည်း အမှောင်ချထားတယ်”ဟု သွားရောက် သတင်းရယူခဲ့သည့် မြို့ခံသတင်းထောက်တစ်ဦးက ဆိုသည်။

ယခု ၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီ ၃၁ ရက် မွန်းလွဲ ၃ နာရီခန့်က မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ်၏ မိုးကုတ်မြို့ခရီးစဉ်မှ အပြန်လမ်းတွင် နောင်ချိုမြို့နယ်အတွင်းရှိ ဟိုပင်နှင့်ဟိုခိုကျေးရွာအကြား၌ ၎င်းတို့ စီးနင်းလာသည့် ယာဉ်တန်းအား ဗုံးခွဲတိုက်ခိုက် ခံခဲ့ရရာ အစိုးရသတင်းစာမှ သတင်းထောက် နှစ်ဦး ထိခိုက်ဒဏ်ရာရရှိမှုများ ဖြစ်ပွားခဲ့သည်။

Eleven Media  , KOLATT(PBDN)

RangonNewsDaily

No comments:

Post a Comment