RangonNewsDaily: April . 1 .2014
ထိုင်းနိုင်ငံတောင်ပိုင်း ပရကျုတ်ခီရိခန်ခရိုင်မှာ မြန်မာအလုပ်သမားတွေကို တင်ဆောင်လာတဲ့ ကားတစီး သစ်ပင်နဲ့ ၀င်ဆောင့်မိ
တာကြောင့် ၁ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရ သွားတယ်လို့ ခေါဝ်ဆွတ် ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
ထပ်ဆကယ်မြို့နယ် အန်ထောင်းရပ်ကွက်ထဲမှာ မတ် ၃၁ ရက် ဒီနေ့မနက် ၆ နာရီလောက်က ယာဉ် မတော်တဆထိခိုက်မှု ဖြစ်
ပွားကြောင်း သတင်းရရှိတဲ့အတွက် ရဲတပ်ဖွဲ့၊ ကယ်ဆယ်ရေးအဖွဲ့နဲ့ ဆေးဘက်ဆိုင်ရာ တာဝန်ရှိသူတွေပါ အခင်းဖြစ်ပွားရာနေရာကို သွားရောက် စစ်ဆေးခဲ့တယ်လို့ တာဝန်ကျရဲမှူး ဖိုင်းရတ်ခ်ျ ဖားခယိုက သတင်းထောက်တွေကို ပြောပါတယ်။
စစ်ဆေးတွေ့ရှိချက်အရ အန်ထောင်းကျောင်းတိုက်အရှေ့က သစ်ပစ်တပင်ကို ၀င်တိုက်တဲ့ အဖြူရောင် မစ်ဆူဘီရှီ ဟိုင်းလပ်ကား ၁ စီးကို တွေ့ရကြောင်း၊ ယာဉ်မောင်းသူမှာ ကားစတီယာရင်ကြား ညှပ်မိပြီး ဦးခေါင်းမှာ ဒဏ်ရာ ပြင်းထန်ကြောင်း ၊ ကားနောက်ခန်း
မှာတော့ လူ ၁ ဦး သေဆုံးပြီး ၂၅ ဦး ဒဏ်ရာရတယ်လို့ ရဲမှူးးက ပြောပါတယ်။
အဲဒီထဲမှာ ယာဉ်မောင်းတဦးတည်းသာ ထိုင်းနိုင်ငံသား ဖြစ်ပြီး ကျန်သူအားလုံး မြန်မာနိုင်ငံသား အမျိုးသား ၁၀ ဦး၊ အမျိုးသမီး ၁၀ ဦး ၊ ယောက်ျားလေး ၄ ယောက် ၊ မိန်းကလေး ၁ ယောက်တို့ ပါဝင်ကြောင်း၊ အားလုံးကို ထပ်စကယ်ဆေးရုံ နဲ့ ပရကျုတ်ခီရိခန်ဆေး
ရုံး ၂ ခုမှာ တင်ထားရတယ် လို့ ပြောပါ တယ်။
သူတို့တတွေဟာ မြန်မာနိုင်ငံ ထားဝယ်နဲ့ မုဒုံဘက်က ဖြစ်ပြီး ထိုင်းနိုင်ငံတောင်ပိုင်း ဆူရတ်ဌာနီခရိုင်မှာ ရာဘာစေးခြစ်တဲ့အလုပ်ကို သွားလုပ်ဖို့  ဖြစ်ကြောင်း လူ ၁ ဦးကို ဘတ် ၂ ထောင်စီ ပေးရကြောင်း၊ ဒီမနက် ၄ နာရီအချိန် ဆင်းခေါင်န်နယ်စပ်ကနေ ၀င်လာတာ
မှာ ယာဉ်မောင်းက ကားကို အမြန်မောင်းတဲ့အတွက် ခုလို ထိခိုက်မှုနဲ့ ကြုံရတာလို့ ကားပေါ်ပါလာသူ မွန်အလုပ်သမား နိုင်တေယက ထွက်ဆိုတယ်လို့ ဆိုပါတယ်။
လောလောဆယ် ထပ်စကယ်ရဲစခန်းက ယာဉ်မောင်းဖြစ်သူကိုအများသူငှာနာကျင်ထိခိုက်စေမှု၊ ယာဉ်စည်းကမ်းဖောက်ဖျက်မှုတွေ
နဲ့ အမှုဖွင့်ထားကြောင်း၊ မြန်မာ အလုပ်သမားတွေဟာ တရားဝင် ၀င်ရောက်လာခြင်း ရှိ၊ မရှိ ဆက်လက် စစ်ဆေးအရေးယူသွား
မယ်လို့ ရဲမှူးက ပြောကြောင်း ခေါဝ်ဆွတ်သတင်းမှာ ဖော်ပြသွားပါတယ်။
DVB , kolatt(PBDN)
RangonNewsDaily
No comments:
Post a Comment