Pages

Pages - Menu

Sunday, April 6, 2014

တပ်မတော် နှင့် သက်ဆိုင်သော သတင်းများ ကို ထုတ်ပြန် ပေးရန် ဗိုလ်ချုပ် ဂွမ်မော် တောင်းဆို


RangonNewsDaily: April . 6 .2014
တပ်မတော် အနေဖြင့် တပ်မတော် နှင့် သက်ဆိုင် သော တိုင်းရင်းသား လက်နက် ကိုင်များ နှင့် ဖြစ်ပွား ခဲ့ သော တိုက်ပွဲ များ၊ တပ်မတော် ကိုင်တွယ် ရသော တချို့သော ပြဿနာ များကို ပြည်သူ လူထု သိရှိ စေရန် အတွက် သတင်း ထုတ်ပြန် ပေးရန် ယမန် နေ့က မြန်မာ့ ငြိမ်းချမ်းရေး စင်တာ တွင် ပြု လုပ် သော တစ်တိုင်း ပြည်လုံး အပစ် အခတ် ရပ်စဲရေး ညှိနှိုင်း ဆွေးနွေး ပွဲသို့ တက်ရောက် လာသော တပ်မတော် ကိုယ်စားလှယ် များအား KIA ဒုတိယ စစ်ဦးစီး ချုပ် ဗိုလ်ချုပ်ဂွမ်မော် က တောင်းဆို ခဲ့သည်။
စာဖတ် တဲ့သူ ကလည်း တချို့ သတင်း တွေကို၊ တိုက်ပွဲ သတင်းတွေ ကို၊ အခြားသော ပြဿနာ တွေကို၊ တစ်ဖက် ကလည်း ဒီ အခြေ အနေ တွေ ကို သိဖို့ လိုအပ်နေ သလို ဒီငြိမ်း ချမ်းရေး ဖြစ်စဉ် တွေကိုလည်း တပ်မ တော် ပိုင်း ကနေ သတင်းတွေ ပေး ပို့ ပေးပါ လို့မေတ္တာ ရပ်ခံ ပါတယ်။

ဒီကနေ့ ဆောင်ရွက် နေတဲ့ process ကို ပြည်သူလူထု နဲ့ တချို့ ခေါင်း ဆောင် တွေက ချပြ ဖို့လိုတယ် ဟု ဗိုလ်ချုပ် ဂွမ်မော် က တောင်းဆို ခဲ့သည်။ 

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းများ နှင့် တပ်မတော် တို့ အကြား ဖြစ်ပွား ခဲ့သော တိုက်ပွဲ များနှင့် ပတ်သက် ၍ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များထံ သို့ ဆက်သွယ် မေးမြန်း သတင်း ရယူ နိုင်သော် လည်း ယင်း ဖြစ်စဉ် များ နှင့် ပတ်သက် ၍ တပ်မတော် ထံမှ သတင်း ရယူ နိုင်ရန် အလွန် ခက်ခဲ ကြောင်း ပြည်တွင်း သတင်းထောက် များ ထံမှ သိရသည်။

Messenger News , 
KOLATT(PBDN)
RangonNewsDaily

No comments:

Post a Comment