Pages

Pages - Menu

Monday, April 28, 2014

ထိုင်းရောက်မြန်မာလုပ်သားနှစ်ဦး ငါးအပုပ်များသယ်ဆောင်စဉ် အသက်ရှူကျပ်၍ သေဆုံး


RangonNewsDaily: April . 28 .2014
ထိုင်းနိုင်ငံတောင်ပိုင်းဖန်ငခရိုင်၊ ထိုင်းမွမ်းမြို့နယ်၊ ထလမုတံငါရွာတွင် ငါးအပုပ်များ သယ်ယူသော မြန်မာငါးဖမ်းလှေ လုပ်သားနှစ်ဦးသည် အနံ့ဆိုးများကြောင့် အသက်ရှူကျပ်၍သေဆုံးသွားကြောင်း သတင်းရရှိသည်။
ဧပြီ ၂၆ ရက်တွင် ငါးဖမ်းလုပ်သားနှစ်ဦးဖြစ်သော ဦးတင်ဆန်းနှင့် ဦးမောင်ထွေးတို့သည် ငါးဖမ်းလှေအတွင်းမှ ငါးအပုပ်များ သယ်ယူစဉ်အနံ့ဆိုးများကြောင့် အသက်ရှူကျပ်၍ သေဆုံးသွားခြင်းဖြစ်သည်။

‘‘ပင်လယ်ငါးဖမ်းလှေတွေ မှာ အလုပ်လုပ်နေတဲ့ မြန်မာ အလုပ်သမားတွေအနေနဲ့ ငါးပိ၊ ငံပြာရည်လုပ်ဖို့ အမျိုးအစားညံ့ တဲ့ငါးတွေနဲ့ မလတ်ဆတ်တော့ တဲ့ငါးတွေကို ထားတဲ့အခန်းထဲ မှာဝင်ပြီး အဲဒီငါးအပုပ်တွေဆင်း သယ်ကြရပါတယ်။ 


ရက်အကြာ ကြီးရေခဲမရိုက်ဘဲ ငါးတွေကိုထား တာဆိုတော့ အပုပ်နံ့က တော် တော်ပြင်းထန်ပါတယ်။ အဲဒီပြင်း ထန်လှတဲ့အနံ့ဆိုးတွေကြောင့် အလုပ်သမားတွေအနေနဲ့ အသက် ရှူရပ်ပြီး မကြာခဏသေဆုံးတာ မျိုးတွေဖြစ်နေပါတယ်’’ဟု ထိုင်း နိုင်ငံတောင်ပိုင်း အခြေစိုက်ပညာ ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင် ဒေးရှင်း FED အမှုဆောင်ဒါရိုက် တာ ဦးထူးချစ်က ပြောသည်။

ပင်လယ်ငါးဖမ်းလုပ်ငန်း တွင် လုပ်ကိုင်နေကြသော မြန်မာ အလုပ်သမားများအနေဖြင့် လုပ် ငန်းခွင်အန္တရာယ်ကင်းရှင်းရေး များကို တိတိကျကျမဆောင်ရွက် ပေးသောကြောင့် ယခုလို မြန်မာအလုပ်သမားများ အသက်ဆုံးရှုံးရခြင်းဖြစ်သည်။


ထို့ကြောင့် လာရောက်လုပ်ကိုင်နေကြသော မြန်မာရွှေ့ပြောင်းအလုပ်သမား လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးအတွက်
ထိုင်းအစိုး
ရနှင့်စနစ်တကျပူးပေါင်းဆောင်ရွက်သင့်သည်ဟု ဦးထူးချစ်က ဆက်ပြောသည်။

သေဆုံးသူနှစ်ဦးအား သေဆုံးသည့်နေ့တွင်ပင် လမ်ကင်းဘုန်းကြီးကျောင်း၌ မီးသင်္ဂြိုဟ်ခဲ့သည်။ဧပြီ လဆန်းပိုင်းကလည်း ထိုင်းနိုင်

ငံတောင်ပိုင်းရှိ နမ့်ခင်း တံငါကျေးရွာ၌ အလုပ်လုပ်ကိုင်နေသော မြန်မာအမျိုးသားတစ်ဦးသည် ငါးအပုပ်နံ့များကြောင့် အသက်ရှူ
ကျပ်၍ သေဆုံးခဲ့ကြောင်း သိရှိရသည်။

7 Days , 
KOLATT(PBDN)
RangonNewsDaily

No comments:

Post a Comment