Pages

Pages - Menu

Friday, April 18, 2014

ဒီယေဂို ကော်စတာကို ယူရို ၄၂.၅ သန်းဖြင့် ခေါ်ယူနိုင်ရန် ချယ်ဆီး နီးစပ်နေ


RangonNewsDaily: April . 18 .2014
ချယ်ဆီးသည် အက်သလက်တီကို မက်ဒရစ် တိုက်စစ်မှူး ဒီယေဂို ကော်စတာကို ယူရို ၄၂.၅ သန်းဖြင့် ခေါ်ယူနိုင်ရန် နီးစပ်လျက်ရှိသည်။
ပြီးခဲ့သည့်လက လန်ဒန်မှ တာဝန်ရှိသူများသည် ကော်စတာနှင့် အကြိမ်များစွာ တွေ့ဆုံခဲ့ပြီးနောက် ချန်ပီယံလိဂ် အကြိုဗိုလ်လုပွဲ ပထမအကျော့ မစမီတွင် အသင်းနှစ်သင်း အကြား ဆွေးနွေးမှုများ ပြုလုပ်ရန် စီစဉ်ထားကြောင်း သိရသည်။

ချယ်ဆီးသည် အဆိုပါ တိုက်စစ်မှူး အတွက် ယူရို ၄၂.၅ သန်း ပေးရန်နှင့် လက်ရှိတွင် အက်သလက်တီကို၌ တစ်ပတ်လျှင် ယူရို ၆၁,၀၀၀ ရရှိနေသည့် ကော်စတာ၏ လုပ်ခလစာကို သုံးဆပေးရန် စီစဉ်ခဲ့ကြောင်း ဆိုသည်။
ယူရိုပါလိဂ် ချန်ပီယံသည် အဆိုပါ သဘောတူညီမှုကို ကမ္ဘာ့ဖလား၌ ကော်စတာ ပါဝင် မကစားမီ ယခုနှစ် ဘောလုံးရာသီ မကုန်ခင်တွင် ရရှိရန် ဆန္ဒရှိနေသည်။

အက်သလက်တီကို နည်းပြ ဒီယေဂို ဆီမြွန်နီကလည်း မိမိအသင်း အနေဖြင့် ကော်စတာ အသင်းမှ ထွက်ခွာခြင်းကို တားဆီးရန် မတတ်နိုင်ခဲ့ကြောင်း ဝန်ခံပြောကြားခဲ့သည်။


“ဒါဟာ ကော်စတာရဲ့ အဆုံးအဖြတ် အပေါ် မူတည်ပါတယ်။ သူ ဘာကို ဆုံးဖြတ်ဆုံးဖြတ် ကျွန်တော် ထောက်ခံသွားမှာပါ။ ချယ်ဆီးက သူ့ကို စိတ်ဝင်စားတယ်ဆိုတာကလည်း သဘာဝပါပဲ။ အခုလို ကျွန်တော် နည်းပြပြုလုပ်တဲ့ ကာလမှာ ကစားသမားတွေ တိုးတက်လာတာကို မြင်တွေ့ရတဲ့ အတွက် ဝမ်းသာမိပါတယ်။ ဒါဟာ ကျွန်တော့်ရဲ့ ရည်ရွယ်ချက်ပါပဲ” ဟု ဆီမြွန်နီက ဆိုခဲ့သည်။

ဆက်လက်ပြီး “ချယ်ဆီးက ငွေကြေးအင်အား တောင့်တင်းတဲ့ အသင်းပါ။ ကော်စတာရဲ့ အခြေအနေဟာ ဖယ်လ်ကာအို အသင်းမပြောင်းခင် အခြေအနေနဲ့ အတူတူပါပဲ။ သူတို့ကို အသင်းမပြောင်းနဲ့လို့ ကျွန်တော် ပြောနိုင်စွမ်း မရှိခဲ့ပါဘူး။ ချယ်ဆီးရဲ့ အိုမင်းနေတဲ့ တိုက်စစ်နေရာမှာ ကော်စတာက ဝင်ရောက် ကစားနိုင်ပါလိမ့်မယ်။ ဒါပေမဲ့ အခုအချိန်မှာတော့ သူက ကျွန်တော်တို့ရဲ့ ကစားသမားပါပဲ” ဟု ဆီမြွန်နီက ပြောကြားသွားခဲ့သည်။


အသက် ၂၅ နှစ်အရွယ် ကော်စတာသည် ယခုနှစ် ဘောလုံးရာသီတွင် ၄၅ ပွဲ ကစားကာ ၃၄ ဂိုး သွင်းယူထားသည်။

Ref: Goal
Soccer Myanmar , 
KOLATT(PBDN)
RangonNewsDaily

No comments:

Post a Comment