Pages

Pages - Menu

Monday, April 7, 2014

ယူကရိန်းအစိုးရ အဆောက်အအုံများကို ရုရှားလိုလားသူများ သိမ်းပိုက်


RangonNewsDaily: April . 7 .2014
တနင်္ဂနွေနေ့က စတင်ကာ “ရုရှား”ဟု ကြွေးကြော် အော်ဟစ်လာသည့် ရမ်းကားသူများက ယူကရိန်း အစိုးရပိုင် အဆောက်အအုံ အချို့အား အတင်းအကျပ် စီးနင်းဝင်ရောက်လာခဲ့သည်။
ယူကရိန်းနိုင်ငံ အရှေ့ပိုင်းဒေသတွင် ရုရှားလိုလား ထောက်ခံသူများက အစိုးရ အဆောက်အအုံ အချို့ကို အင်အားသုံး သိမ်းပိုက်ခဲ့ကြောင်း သိရှိရသည်။ တနင်္ဂနွေနေ့က စတင်ကာ “ရုရှား”ဟု ကြွေးကြော် အော်ဟစ်လာသည့် ရမ်းကားသူများက ယူကရိန်း အစိုးရပိုင် အဆောက်အအုံ အချို့အား အတင်းအကျပ် စီးနင်းဝင်ရောက်လာခဲ့သည်။

 ပြီးခဲ့သည့်လက ရုရှားအနေဖြင့် ခရိုင်းမီးယားကို သိမ်းပိုက်ခဲ့ပြီးနောက် ယခုတစ်ဖန် ယူကရိန်း၏ ပိုင်နက်နယ်မြေများ မလုံခြုံသည့် အရေးနှင့် ထပ်မံကြုံတွေ့လာနေပြီ ဖြစ်သည်။

ယူကရိန်း အစိုးရသည် အဆိုပါ အုံကြွ ဆူပူမှုများနှင့် ပတ်သက်ပြီး အရေးပေါ် အစည်းအဝေးများ ခေါ်ယူခဲ့သလို နယ်ခြားစောင့် တပ်များကိုလည်း နိုးကြားနေစေရန် သတိပေး ဆော်ဩထားလိုက်သည်။ ဒိုးနက်စ်မြို့နှင့် ရုရှားအနွယ်ဝင်များ ထူထပ်များပြားစွာ နေထိုင်သည့် လူဂန့်စ်ခ်၊ ခါကစ်ဗ်စသော မြို့များတွင်လည်း အလားတူ ပြဿနာများ ကြုံနေရသည်။ 


ယူကရိန်းတွင် ရုရှားမဟာမိတ်ဖြစ်သည့် သမ္မတ ဗစ်တာ ယာနူကိုဗစ်ခ်ျ အစိုးရ ပြုတ်ကျပြီးနောက်ပိုင်း ရုရှားလက်သို့ ခရိုင်းမီးယားကို လွှဲအပ်ခဲ့ရပြီး နောက်ထပ် နယ်မြေများ ဆုံးရှုံးမည့် အန္တရာယ်နှင့်ပါ ကြုံနေရသည်။

ယူကရိန်းအရှေ့ပိုင်း ဒေသအချို့တို့သည် ရုရှားဩဇာခံရန် လိုလားနေပြီး ယင်းကို အခွင့်ကောင်းယူကာ ရုရှားတပ်များ စိမ့်ဝင်ထိုးဖောက်လာနိုင်သည့် အခြေအနေသည် ယူကရိန်းအတွက် စိုးရိမ်စရာ အကောင်းဆုံး ဖြစ်လာခဲ့သည်။ ယူကရိန်း အစိုးရက ရုရှားလိုလားသော ဖီဆန်သူများသည် လက်နက်များ၊ ဖောက်ခွဲရေး ကိရိယာများကို ကိုင်ဆောင် အသုံးပြုခဲ့ကြောင်း စွပ်စွဲထားသည်။ 


အတည်မပြုနိုင်သော သတင်းများက လူဂန့်စ်ခ်တွင် အာဏာသိမ်းရန် ကြံစည်မှုဖြင့် ယူကရိန်း အစိုးရက ဖမ်းဆီးထားသူ (၁၅)ဦးအနက် (၆)ဦးကိုလည်း အုံကြွသူများက လွှတ်ပေးလိုက်ကြောင်းလည်း ဖော်ပြလျှက်ရှိသည်။

Planet Myanmar Network , 
KOLATT(PBDN)
RangonNewsDaily

No comments:

Post a Comment