Pages

Pages - Menu

Thursday, April 10, 2014

ရာသီဥတုပူပြင်းချိန်တွင် သေဆုံးမှုပိုမြင့်နိုင်၍ သင်္ကြန်လည်သူများ သတိထား

သင်္ကြန်ရေကစားနေရင်း ဘီယာသောက်သုံးနေသူအချို့ ဓာတ်ပုံ− ဂျေမောင်မောင်(အမရပူရ)
RangonNewsDaily: April . 10 .2014
ရာသီဥတုပူပြင်းချိန်တွင် အရက်သောက်သုံးမှုသည် အ သက်သေဆုံးမှု ပိုမိုဖြစ်ပွားနိုင် သောကြောင့် သင်္ကြန်ကာလတွင် အရက်သေစာသောက်သုံး၍ ရေ ကစားသူများအနေဖြင့် အထူးသ တိထားရန် လိုအပ်သည်ဟု ကျန်း မာရေးဆိုင်ရာ ပညာရှင်များက သတိပေးပြောကြားသည်။
အရက်သေစာ သောက်သုံး ထားချိန်တွင် ခန္ဓာကိုယ်အပူအ အေးညှိနှိုင်းမှုစနစ်ကို အဟန့်အ တားဖြစ်စေပြီး ရေဓာတ်ဆုံးရှုံးမှု ပိုမိုဖြစ်ပွားစေကြောင်း၊ ပူပြင်း သောရာသီဥတုတွင် အဆိုပါအ ခြေအနေသည် ပို၍ ဆိုးရွားတတ် ပြီး အသက်အန္တရာယ် ပေးနိုင် သည်ဟု ဆိုသည်။ ထို့အပြင် ရုတ် တရက်လေဖြတ်၍ အသက်သေ ဆုံးမှုများလည်း ဖြစ်ပွားနိုင်သည် ဟု သတိပေးပြောကြားမှုများ ပြု လုပ်ထားသည်။

‘‘အပူချိန်ပြင်းတော့ ရေဓာတ် ဆုံးရှုံးမှုများတယ်။ အရက် ကလည်း ရေဓာတ်ကိုပိုပြီး ဆုံးရှုံး စေတယ်။ နှစ်ခုပေါင်းလိုက်ရင် အရက်သောက်ပြီး သင်္ကြန်မှာကဲ မယ့်သူတွေအတွက်တော့ အန္တ ရာယ်က လက်တစ်ကမ်းမှာပဲ’’ ဟု အထွေထွေရောဂါကုဆရာဝန် တစ်ဦးဖြစ်သူ ဒေါက်တာစည်သူ က ပြောသည်။

အရက်သောက်သုံးမှုကြောင့် ခန္ဓာကိုယ်အတွင်း သကြားဓာတ် နည်းလာပြီး ဇီဝကမ္မဖြစ်စဉ်များ လုပ်ဆောင်နိုင်မှု လျော့ပါးခြင်းနှင့်အတူ ရာသီဥတုပူပြင်း၍ ရေ ဓာတ်ဆုံးရှုံးမှုတို့ကြောင့် အသက် အန္တရာယ်ပေးနိုင်မှုနှုန်းက ပိုမိုမြင့် တက်လာသည်ဟု ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့ကြီး WHO က ထုတ်ပြန် ထားသည်။

ပြီးခဲ့တဲ့ နှစ်ရက်လောက်က လည်း သူငယ်ချင်းတစ်ယောက် နေ့လယ်ပိုင်းအရက်သောက်ပြီး သူ့ အိမ်ပြန်သွားတယ်။ အဲဒါ အိမ် သာတက်မယ်ဆိုပြီးသွားတာ မ ထွက်လာ၊ မထွက်လာနဲ့ လိုက်ရှာ တော့ အိမ်သာထဲမှာ ငုတ်တုတ် ကြီးနဲ့ သေနေတယ်’’ ဟု တက္ကစီ ဒရိုင်ဘာတစ်ဦးဖြစ်သူ ဦးဝင်းသူက ပြောသည်။

ရန်ကုန်၊ မန္တလေးအပါအ၀င် ပြည်နယ်နှင့်တိုင်းဒေသကြီး မြို့ နယ်များတွင် နေ့အပူချိန်များ မြင့် တက်လျက်ရှိပြီး ကျန်းမာရေးဝန် ကြီးဌာနကလည်း သတိပေးချက် များ ထုတ်ပြန်ထားရသည်။ မြန် မာနိုင်ငံအလယ်ပိုင်းဒေသများ တွင် ၄၀ ဒီဂရီစင်တီဂရိတ်မှ ၄၂ ဒီဂရီစင်တီဂရိတ်၊ နေပြည်တော်၊ ရန်ကုန်၊ စစ်ကိုင်း၊ ဧရာဝတီ၊ ကရင်နှင့် မွန်ပြည်နယ်တို့တွင် ၃၅ ဒီဂရီစင်တီဂရိတ်မှ ၄၂ ဒီဂရိတ် စင်တီဂရိတ်အထိ မြင့်တက်လျက်ရှိသည်။

လှိုင်သာယာ စက်မှုဇုန်မှ ကုမ္ပဏီယာဉ်မောင်း ဖြစ်သူ ကိုဖြိုးပိုင်က ‘‘မနေ့က သူငယ် ချင်းတစ်ယောက် နေ့ခင်းပိုင်းဘီ ယာနှစ်ခွက်သောက်ပြီး အိမ်ပြန် အိပ်တယ်။ ကျန်တဲ့သူနဲ့အတူတူ သောက်တဲ့သူတွေ လာနှိုးတော့ နှိုးမရတော့ဘူး။ ဦးနှောက်သွေး ကြောပြတ်ပြီး သေတယ်လို့တော့ ပြောတာပဲ’’ ဟု ပြောသည်။

မြန်မာနိုင်ငံတွင် နေ့ညအ ချိန်မရွေး အရက်သောက်သုံးမှု သည် အမျိုးသားများတွင် ၁၈ ရာ ခိုင်နှုန်းအထိ ရှိနေသည်။ ထို့အ ပြင် အရက်သောက်၍ အရွယ်မ တိုင်မီ ရုတ်တရက်သေဆုံးမှုသည် တစ်နှစ်လျှင် လူဦးရေ ငါးထောင် ခန့်ရှိနေသည်ဟု ကမ္ဘာ့ကျန်းမာ ရေး အဖွဲ့ကြီးက ခန့်မှန်းထား သည်။

‘‘သင်္ကြန်ဆိုတော့ ယောက်ျား လေးတွေတင်မဟုတ်ဘူး။ မိန်းက လေးတွေပါ သောက်ကြတာ။ မိန်းကလေးတွေက အရက်ရဲ့ဒဏ် ကို ပိုပြီးမခံနိုင်ဘူးဆိုတာ သိဖို့လို မယ်’’ ဟု အထွေထွေရောဂါကု ဆရာဝန် ဒေါက်တာဝေဖြိုးက မှတ်ချက်ပြုသည်။

အရက်သောက်သုံးမှုကြောင့် ဖြစ်ပွားသည့် ရေဓာတ်ဆုံးရှုံးမှု နှင့် သကြားဓာတ်ဆုံးရှုံးမှုများကို ကာကွယ်ရန် ရေများများသောက် ရန်၊ အစားအသောက်များများ စားရန်လိုအပ်ပြီး သွေးတိုး၊ ဆီးချို နှင့် နှလုံးရောဂါရှိသူများအနေ ဖြင့် အထူးရှောင်ကြဉ်ရန် လိုအပ် သည်ဟု ဆေးပညာရှင်များက ပူ ပြင်းသော ရာသီဥတုတွင် ကျင်းပ သည့် သင်္ကြန်ပွဲတော်အတွက် အ ကြံပြုကြသည်။

7day daily , KOLATT(PBDN)
RangonNewsDaily

No comments:

Post a Comment