Pages

Pages - Menu

Wednesday, April 23, 2014

လက်ဖက်ရည် ပန်းကန်လုံးရှိ မိုးသီးများ ကြွေကျ၍ အဘွားအို တစ်ဦးသေဆုံး


RangonNewsDaily: April . 23 .2014
ရမည်းသင်း မြို့နယ်နှင့် ပျော်ဘွယ် မြို့ နယ်စပ်ရှိ ကျေးရွာ များတွင် ဧပြီလ (၇)ရက် နေ့က နှစ်ပေါင်း (၇၀)အတွင်း မကြုံစဖူး ထူး ထူးခြားခြား လက်ဘက်ရည် ပုဂံ လုံးခန့်ရှိ မိုး သီးမိုး များ ရွာသွန်း မှုကြောင့် အဖွား အို တစ်ဦး သေဆုံးသွားခဲ့ပြီး ရမည်းသင်း မြို့နယ်နှင့် ပျော်ဘွယ်မြို့နယ် အတွင်းရှိ စပျစ်ခြံများ ခြံ လုံးကျွတ် ပျက်စီး သွားကြောင်း သိရသည်။
ပျော်ဘွယ်မြို့နယ်၊ ရွှေဓါးသာစည်အုပ် စုရှိ သာစည်၊ ညောင်ထောက် ၊ ဈေးညောင် ကိုင်း၊ လယ်ပြင်သာ၊ ပေတောကုန်း၊ ဆည် တွင်း၊ ဂွေးကုန်း၊ ဘုရားကုန်း၊ ထန်းလေးပင် နှင့် ရမည်းသင်းမြို့နယ်အတွင်း ရွာတန်းအုပ် စုတွင် ပါဝင်သည့် သဲကျွန်းအုပ်စု၊ ရွာတန်း လယ်သာအုပ်စု၊ သိန်းညှက်ကုန်း အုပ်စု၊ အုပ်ဖို အုပ်စုနှင့် ကုလား မျှော အုပ်စုတွင် ရွာတန်း (၂၄)ရွာတွင် ပါဝင်သည့် အုတ်ဖိုအရှေ့ရွာ၊ အုတ်ဖို အနောက်ရွာ၊ လက်ပံခါးလှတောင် ရွာ၊ မြောက်ရွာ၊ အလယ်ရွာ အပါအ၀င် အခြား ကျေးရွာများမှာ အဓိက စီးပွားရေးလုပ်ငန်း အ ဖြစ် စပျစ်ခြံ လုပ် ငန်း၊ ကွမ်းစိုက်လုပ်ငန်းနှင့် ကြက်သွန်စိုက်လုပ်ငန်းများကို လုပ်ကိုင်ခဲ့ကြ သည်။ အထူးသဖြင့် စပျစ်ကို အဓိက စီးပွား ရေးလုပ်ငန်းအဖြစ် စိုက်ပျိုးကြသည်။

ဧပြီလ (၇)ရက်နေ့၊ နေ့ခင်းက နှစ် ပေါင်း (၇၀)ကျော်အတွင်း မကြုံစဖူး ထူးထူး ကဲကဲ လက်ဘက်ရည် ပုဂံလုံးခန့်ရှိ မိုးသီးမိုး ကြီးများ ရုတ်တရက် တစ်နာရီကျော် ရွာချခဲ့ရာ စပျစ်ခြံများအားလုံး စပျစ်သီးများ မိုးသီးရိုက် ၍ ကြွေကျပျက်စီးသွားခဲ့သည်။ ရွာတန်း (၂၄)ရွာတွင် စပျစ်ခြံကို တစ်ဧကမှ (၁၀)ဧက အထိ စီးပွားဖြစ် စိုက်ပျိုး ကြ သည်။

စပျစ်စိုက် ဧက (၅၀၀)ကျော်ရှိပြီး စပျစ်ခြံပေါင်း (၃၀၀) ကျော်ရှိသည်။ ယခု ကဲ့သို့ မမျှော်လင့်ဘဲ မိုး သီးမိုးကြောင့် စပျစ်ခြံအားလုံး အသီးများကြွေ ကာ မိုးသီး ရိုက်၍ စပျစ်သီး အားလုံး ပျက်စီး ဆုံးရှုံးခဲ့သည်။ စပျစ်ခြံ တစ်ခြံလျှင် သိန်းပေါင်း (၁၀၀) ကျော် (၁၅၀)ခန့် ဆုံးရှုံး ပျက်စီးခဲ့ သည်။ စပျစ်ခြံ (၃၀၀)ကျော် မှ သိန်းပေါင်း (၅၀၀၀၀)ကျော် ပျက်စီးဆုံး ရှုံးသွားခဲ့သည်။

ကွမ်းရွက်ခြံ များတွင်လည်း မိုးသီးဒဏ် ကြောင့် ကွမ်းရွက် များ ပေါက်ပြဲ ပျက်စီးဆုံးရှုံး ကြ ရသည်။ အုတ်ဖိုအရှေ့ရွာမှ ဒေါ်သိန်းကြည် (၇၀)နှစ် မှာ မန်းကျည်းသီးဆွတ်ရာမှ မိုးသီး ဒဏ်ကြောင့် သေဆုံးသွား ခဲ့ရ သည်။ 


မိုးသီး မိုးကြောင့် ရမည်းသင်းမြို့နယ်နှင့် ပျော်ဘွယ် မြို့နယ်များ စပျစ်ခြံ၊ ကွမ်းခြံနှင့် ကြက်သွန် ခင်းများ ပျက်စီးသွားသဖြင့် သိန်းပေါင်း (၁၀၀၀၀၀)ကျော်ဖိုးခန့် ဆုံးရှုံးပျက်စီးသွား ခဲ့ရကြောင်း သိရသည်။

The Messenger , 
KOLATT(PBDN)
RangonNewsDaily

No comments:

Post a Comment