Pages

Pages - Menu

Sunday, April 27, 2014

"ကူးတို့သင်္ဘောနစ်မြုပ်မှုနှင့် စပ်လျဉ်း၍ သင်္ဘောဝန်ထမ်း ၁၁ ဦးကိုတောင်ကိုရီးယား အစိုးရ ဖမ်းဆီးထား"


RangonNewsDaily: April . 27 .2014
ကူးတို့သင်္ဘောနစ်မြုပ်နှင့် ဆက်စပ်၍ သင်္ဘောဝန်ထမ်း ၄ ဦးကို တောင်ကိုရီးယားအစိုးရက ယနေ့ ထပ်မံဖမ်းဆီးလိုက်သည်။ နိုင်ငံတောင်ပိုင်းကမ်းလွန်တွင် ဖြစ်ပွားခဲ့သည့် ကူးတို့သင်္ဘောနစ်မြုပ်မှုနှင့် စပ်လျဉ်း၍ ယခုအခါ သင်္ဘောဝန်ထမ်း ၁၁ ဦးကို ဖမ်းဆီးထားပြီးဖြစ်သည်။
၎င်းတို့အား မတော်တဆမှုအပေါ်တုံ့ပြန်ဆောင်ရွက်ရာတွင် ပေါ့လျော့မှု၊မျက်ကွယ်ပြုမှုတို့ဖြင့် ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။

ကျောင်းသူ ကျောင်းသားအများစု လိုက်ပါခဲ့သည့် အဆိုပါ ကူးတို့သင်္ဘော နစ်မြုပ်မှုတွင် လက်ရှိအချိန်ထိ အလောင်း ၁၈၃ လောင်းကို ရှာဖွေတွေ့ရှိထားသည်။

တောင်ကိုးရီးယား ကူးတို့သင်္ဘောသည် အင်ချွန်ဆိပ်ကမ်းမှ ထွက်ခွာလာပြီး ဂျေဂျူကျွန်းသို့ ခုတ်မောင်းစဉ် ဧပြီ ၁၆ ရက်က နစ်မြုပ်
ခဲ့ခြင်းဖြစ်သည်။

Planet Myanmar Network ::--
KOLATT(PBDN)
RangonNewsDaily

No comments:

Post a Comment