Pages

Pages - Menu

Sunday, April 6, 2014

စက်ချွတ်ယွင်း၍ ရပ်တန့်ထားသည့် ဆီတင်ယာဉ်ကို ၁၂ ဘီးကုန်တင်ယာဉ်က ၀င်တိုက်မိ


RangonNewsDaily: April . 6 .2014
ဧပြီ ၅ ရက်နံနက် ၄ နာရီခွဲခန့်က ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် ရန်ကုန်- မန္တလေးကားလမ်း မိုင်တိုင်အမှတ် (၁၉၃/၃ နှင့် ၁၉၃/၄) အကြား တွင် စက်ချွတ်ယွင်း၍ ရပ်တန့်ထားသည့် ၂၂ ဘီး ဆီတင်ယာဉ်အား မြောက်မှ တောင်သို့ ကြက်သွန်များ တင်ဆောင်လာသည့် ၁၂ ဘီးကုန်တင်ယာဉ်က အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိခဲ့သဖြင့် ယာဉ်ကြောပိတ်ဆို့မှု ငါးနာရီ ကြာမြင့်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မန္တလေးဘက်မှ ရန်ကုန်ဘက်သို့ ဇော်မြင့် (၄၃ နှစ်) ရန်ကုန်မြို့နေသူ မောင်းနှင်သည့် ယာဉ်အမှတ် ၉ဃ/...JAC အမျိုး အစား ၂၂ ဘီး ဆီဘောက်ဆာယာဉ်သည် စက်ပျက်၍ ကားလမ်း၏ အနောက်ဘက်တွင် ရပ်တန့်ထားပြီး ယာဉ်မောင်းမှာ စက်ပစ္စည်း ဝယ်ယူရန် ရန်ကုန်မြို့ကိုသွားနေပြီး ယာဉ်နောက်လိုက်ဖြစ်သူ အောင်ပိုင်စိုး ၂၇ နှစ် သုံးခွကျေးရွာ ဓနုဖြူနေသူက ယာဉ်ကိုစောင့်၍နေခဲ့ပြီး ကားခေါင်းခန်းထဲတွင် အိပ်ပျော်နေစဉ်

ယာဉ်ကြောတူ မြောက်မှတောင်သို့ အောင်ကိုဇော် (၂၁)နှစ် ကျောက်တန်းရွာ မလှိုင်မြို့နယ်နေသူ မောင်းနှင်သည့် ၁၈/...Frso အမျိုးအစား ကြက်သွန်များတင်ဆောင်လာသော ၁၂ ဘီးယာဉ်မှ ရပ်တန့် ထားသော ဆီဘောက်ဆာယာဉ်၏နောက်ပိုင်း ဝဲဘက်ခြမ်းကို ဝင်ရောက် တိုက်မိပြီး ကားလမ်းအလယ်တွင် ရပ်တန့်သွားခဲ့သည်။ ယာဉ်တိုက်မှုကြောင့် ၁၂ ဘီးယာဉ်မောင်း အောင်ကိုဇော်တွင် ဒဏ်ရာများရရှိခဲ့ပြီး တောင်ငူဆေးရုံကြီး အရေးပေါ်ဌာနကို အမြန်ဆုံးပို့ဆောင်ပေးခဲ့သည်။

ယာဉ်မတော်တဆမှုကြောင့် ရန်ကုန်-မန္တလေးကားလမ်း အစုန်/ အဆန် လမ်းများ တစ်မိုင်ကျော်ကျော်အထိ ပိတ်ဆို့သွားခဲ့သဖြင့် ရေတာရှည်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဉာဏ်ဝင်း၊ ရေတာရှည်မြို့မ စခန်းမှူး ဒုရဲမှူးကျော်ဇေယျ ဦးစီးသော ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ် ယာဉ်လုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ တာဝန်ရှိသူများက ကြိုးပမ်းဆောင်ရွက်ပေးခဲ့သဖြင့် နံနက် ၈ နာရီတွင် လမ်းပွင့်သွားခဲ့ကြောင်း သိရှိရသည်။ 


ယာဉ်တိုက်မှုနှင့် ပတ်သက်၍ ရေတာရှည် မြို့မစခန်းက အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ကိုလွင်(ဆွာ)
Myawady News , 
KOLATT(PBDN)
RangonNewsDaily

No comments:

Post a Comment