Pages

Pages - Menu

Wednesday, April 9, 2014

ဘိုင်ယန်မြူးနစ်နှင့်ပွဲ ရွန်းနေပါဝင်လာမည်


RangonNewsDaily: April . 9 .2014
မန်ယူနာမည်ကြီး တိုက်စစ်မှူး ရွန်းနေသည် ဗုဒ္ဓဟူးနေ့တွင် ဘိုင်ယန်မြူးနစ် နှင့်ကစားမည့် ချန်ပီယံလိဂ် ဒုတိယအကျော့မတိုင်မီ လေ့ကျင့်မှုများ ပြန်လည် ပြုလုပ်လျက်ရှိသည်။
မန်ယူနှင့်ဘိုင်ယန်မြူးနစ်တို့ယှဉ်ပြိုင်ကစားခဲ့သည့် ပထမအကျော့တွင် တိုက်စစ်မှူး ရွန်းနေခြေချောင်းအနာတရဖြစ်သွားခဲ့ရသည်။ ယင်းပွဲတွင် တစ်ဖက် တစ်ဂိုးစီဖြင့် သရေပွဲဖြစ်ခဲ့သည်။ ၄င်းသည် စနေနေ့က နယူးကာဆယ်ကို အနိုင်ရလိုက်သည့်ပွဲတွင် လွဲချော်ခဲ့ရသည်။

သို့သော်လည်း ဘိုင်ယန်မြူးနစ်နည်းပြ ဂွာဒီယိုလာက အသက် ၂၈ နှစ်ရှိ ရွန်းနေပါဝင်ကစားရန် မျှော်လင့်ထားကြောင်း ပြောဆိုလိုက်သည်။ ''သူဒီပွဲမှာ ကစားနိုင်မှာပါ။ သူကစားနိုင်မယ်လို့ ကျွန်တော်ကတော့ ရာနှုန်းပြည့်ယုံကြည် ပါတယ်။ ကျွန်တော်က သူ့ကို ဘီယာခွက်ကြီးတစ်ခွက်လောက်တော့ တိုက် ချင်ပါတယ်။


ဒီပွဲက အကောင်းဆုံးဘောလုံးသမားတွေရဲ့ပွဲပါ။ ကျွန်တော်သူ့ကို သိပ်တွေ့ချင်နေတာပါ။ နာမည်ကြီးကစားသမားတွေဆိုတာ ဒီလိုပွဲ ဘယ်လွဲ သင့်ပါမတုန်း'' ဟု ဂွာဒီယိုလာက ဆိုသည်။

လက်ရှိချန်ပီယံ ဘိုင်ယန်မြူးနစ်အသင်းသည် ပထမအကျော့ အိုးထရက် ဖို့ဒ်၌ ကစားသောပွဲတွင် မန်ယူနောက်တန်းကို ထိုးဖောက်ရန် အတော်လေး ကြိုးစားခဲ့ရသည်။ မန်ယူအနေဖြင့် ဂျာမန်ချန်ပီယံကို အနိုင်ယူဖို့ကြိုးစားလိမ့် မည်ဟု နည်းပြဂွာဒီယိုလာက မျှော်လင့်ထားသည်။


ဘိုင်ယန်မြူးနစ်အသင်းသည် ကွာတားဖိုင်နယ် ဒုတိယအကျော့တွင် အိမ် ကွင်းကစားရသည့်အတွက် အနိုင်ရရန် အားသာချက်ရှိနေသည်။ သို့သော် လည်း ရွန်းနေပြန်ကောင်းလာသည့်အတွက် မန်ယူအတွက်ကောင်းသောရ လဒ်ကောင်းတစ်ခုရလိမ့်မည်ဟု တိုက်စစ်မှူးရွန်းနေက ယုံကြည်ထား သည်။

The Mirror Daily , 
KOLATT(PBDN)
RangonNewsDaily

No comments:

Post a Comment