Pages

Pages - Menu

Sunday, April 27, 2014

ဂျာမနီ အင်တာနက်ကုမ္ပဏီ မြန်မာအပါအဝင် ခြောက်နိုင်ငံတွင် အမေရိကန်ဒေါ်လာ ၁၀ သန်း ရင်းနှီးမြှုပ်နှံမည်

RangonNewsDaily: April . 27 .2014
ဂျာမနီနိုင်ငံအခြေစိုက် ကမ္ဘာ့ထိပ်တန်း အင်တာနက် Website ကုမ္ပဏီကြီး Rocket Internet က မြန်မာအပါအဝင် အာရှခြောက်နိုင်
ငံတွင် အမေရိကန်ဒေါ်လာ ဆယ်သန်း တိုးချဲ့ ရင်းနှီးမြှုပ်နှံသွားမည် ဖြစ်ကြောင်း Rocket Internet ၏ ပူးတွဲတည်ထောင်သူနှင့် အုပ်ချုပ်မှုဒါရိုက်တာ Stefan Haubold က ပြောကြားသည်
၎င်းတို့ ရင်းနှီးမြှုပ်နှံမှုကို မြန်မာအပါအင် ခြောက်နိုင်ငံရှိ ကားရောင်းဝယ်ရေး Website များနှင့် ချိတ်ဆက်ထားသည့် အာရှထိပ်တန်း နာမည်ကျော် မော်တော်ယာဉ် အရောင်းအဝယ် Website တစ်ခုဖြစ်သည့် Carmudi အတွက် အသုံးပြုသွားမည်ဟု ၎င်းကဆိုသည်။
“Carmudi က အလျင်အမြန် တိုးတက်နေတဲ့ Car အရောင်းအဝယ် Online Website ပါ။ ကျွန်တော်တို့ ဈေးကွက်ထဲမှာ အလျင်
အမြန် ဦးဆောင် နေရာရထားပါတယ်” ဟု ၎င်းကဆိုသည်။

Rocket Internet ၏ တိုးချဲ့ ရင်းနှီးမြှုပ်နှံမှုကို ဂျာမနီအခြေစိုက် German Tengelmann Group အပါအဝင် ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ

များက ပူးပေါင်း ရင်းနှီးမြှုပ်နှံထားပြီး ယခု ရင်းနှီးမြှုပ်နှံမှုကြောင့် Website ပေါ်တွင် မော်တော်ယာဉ် အစီးရေ တစ်သိန်းကျော်အထိ စာရင်းပြုစု တင်ပြသွားနိုင်မည်ဟု Stefan Haubold က ပြောကြားသည်။

“နည်းပညာခေတ်ထဲ ရောက်နေတော့ မော်တော်ယာဉ် အရောင်းအဝယ် ကိစ္စတွေကို ကျွန်တော်တို့လည်း Website တွေပေါ် တင်ပြီး လုပ်ရကိုင်ရတာတွေ ရှိတယ်။ တချို့အချက်အလက်တွေကို အဲဒီကပြန်ပြီး လေ့လာရတွေ ရှိတယ်။ ဒီမှာက Online ငွေပေးချေစနစ် မရှိသေးတော့ တကယ့် အရောင်းအဝယ်တွေကတော့ အပြင်မှာပဲ လုပ်နေကြရတုန်းပါပဲ။ Website တွေကိုတော့ အချက်အလက် လေ့လာဖို့အတွက် အဓိက သုံးနေရတယ်” ဟု ဝါရင့်မော်တော်ယာဉ် အကျိုးဆောင် ဦးဇော်ဝမ်းက ပြောကြားသည်။


Carmudi Website သည် မြန်မာအပါအဝင် ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ဖိလစ်ပိုင် နိုင်ငံများတွင် မော်တော်ယာဉ်ဆိုင်ရာ သတင်းအချက်အလက်များ၊ သုံးသပ်ချက်များ၊ နောက်ဆုံးပေါ် သတင်းများ၊ မှတ်သားစရာများနှင့် အကြံပေးချက်များကို တစုတစည်းတည်း ဖော်ပြပေးနေသည့် ထိပ်တန်း Website တစ်ခုဖြစ်သည်။


မြန်မာနိုင်ငံတွင်မူ အဆိုပါ Carmudi Website ကို motors.com.mm ဟု လူသိများပြီး လစဉ် ဝင်ရောက်ကြည့်ရှုသူ နှစ်သိန်းခွဲခန့် ရှိကာ မော်တော်ယာဉ် ရောင်းချသူများ၊ ဝယ်ယူသူများနှင့် Car Dealer များအတွက် မော်တောယာဉ်၊ ဆိုင်ကယ်နှင့် စီးပွားရေးလုပ်ငန်းသုံး ယာဉ်ကြီးများကို စုံလင်စွာ ဖော်ပြပေးထားသည့် ထိပ်တန်း မော်တော်ယာဉ် အရောင်းအဝယ် Website တစ်ခုဖြစ်သည်။

The voice , 
KOLATT(PBDN)
RangonNewsDaily

No comments:

Post a Comment