RangonNewsDaily: April . 14 .2014
၁၄.၄.၂၀၁၄ ရက်နေ့ ၀၆၄၀ အချိန် မင်္ဂလာဒုံမြို့နယ် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ လေယာဉ်ကွင်း
အတွင်း Golden Myanmar Air Way (GMA) လေကြောင်းမှ လေယာဉ်အမှတ်XY-AGT ၊ လေယာဉ်အမျိုး
အစား A-320 သည် Push Backယာဉ်ဖြင့်တွန်း၍နေရာရွှေ့ပြောင်းရန်ဆောင်ရွက်စဉ်
ဘီးလိမ့်သွားပြီး လေယာဉ်ဦးပိုင်းဖြင့် အနီးတွင်ရပ်ထားသည့် အပြည်ပြည်ဆိုင်ရာမြန်မာ့လေကြောင်း (MAI
)၊လေယာဉ်အမှတ် XY-AGR ၊ လေယာဉ်အမျိုးအစား A-319 လေယာဉ်၏ ယာဘက်နောက်ပိုင်းတံခါးနေရာ
အား ၀င်ရောက်တိုက်မိခဲ့ပါသည်။
အဆိုပါလေယာဉ်တိုက်မိမှုကြောင့် GMA လေယာဉ်၏ဦးပိုင်းနှင့် MAI လေယာဉ်၏ယာဘက်နာက်ပိုင်းတံခါး
တို့ပျက်စီးသွားခဲ့ကြောင်း သတင်းရရှိပါသည်။
Yangon Police , KOLATT(PBDN)
RangonNewsDaily
No comments:
Post a Comment