Pages

Pages - Menu

Thursday, March 13, 2014

မလေးရှားလေယာဉ် MH370ရှာဖွေကယ်ဆယ်ရေး တပ်မတော်ရေမှ စစ်ရေယာဉ်မျာကူညီဆောင်ရွက်


RangonNewsDaily: March . 13 .2014
မတ် ၈ ရက် နံနက်ပိုင်းက မလေးရှားနိုင်ငံ ကွာလာလမ်ပူမှ ပေကျင်းသို့သွားသော မလေးရှားလေကြောင်းလိုင်းပိုင် ခရီးသည် ၂၃၉ ဦးပါခရီးသည်တင် လေယာဉ်တစ်စီး တောင်တရုတ်ပင်လယ်အတွင်း ပျောက်ဆုံးမှုကို မြန်မာ့တပ်မတော်(ရေ)မှ စစ်သင်္ဘောသုံးစင်းဖြင့်မြန်မာ့ရေပိုင်နက်အတွင်း ပျောက်ဆုံးလေယာဉ်ရှာဖွေရေး လုပ်ငန်းစဉ်များ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းသိရှိရသည်။
တပ်မတော်နှင့် နီးစပ်သည့် အသိုင်းအ၀ိုင်းမှ သတင်းရရှိသည်။ထို့ပြင်ပျောက်ဆုံးနေသော မလေးရှားလေယာဉ် MH370 သည် ဦး
တည်ရာခရီးမှ မြန်မာပြည်အောက်ခြေဖက်သို့ ပြန်လည်ဦးတည်ပျံသန်းလာသည်ဟု သတင်းကြားရပြီးနောက် မြန်မာနိုင်ငံမှ ကာ
ကွယ်ရေးဦးစီးချုပ် ( ရေ ) ၏ ညွှန်ကြားမှုဖြင့် ရှာဖွေရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း၊

 ပျောက်ဆုံးနေသော လေယာဉ်ကို ကယ်ဆယ်ရေးများ ပြုလုပ်ရန် မြန်မာလေပိုင်နက်အတွင်းသို့ဝင်ရောက်ရှာဖွေခွင့်တောင်းထားပြီး
 မြန်မာဖက်က ခွင့်ပြုထားပြီးဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ဒုညွှန်ကြားရေးမှူးချုပ် ဦးဝင်းဆွေထွန်း
ကပြောကြားခဲ့သည်။

MM Navy Man , 
kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment