Pages

Pages - Menu

Monday, March 17, 2014

အချစ်အတွက်နဲ့ သေကြောင်းကြံခဲ့တဲ့ ဓာတ်ပုံတွေကို Instagram ပေါ်တင်ခဲ့တဲ့ ကောင်မလေး


RangonNewsDaily: March . 17 .2014
အသက်ငယ်ငယ် တရုတ်မလေး တစ်ယောက်ဟာ အထပ်မြင့်တိုက် ပြူတင်းပေါက်ကနေ ခုန်ချပြီး

 သေကြောင်းမကြံခင် သူမရဲ့ ဘ၀နိဂုံးအခိုက်အတန့်တွေကို Instagram ပေါ်တင်ခဲ့တယ်လို့ 

ယူဆရပါတယ်။‘ငါသေပြီးရင် နေ့ရောညပါ နင့်ကို လာခြောက်မယ်။’ လို့ ကောင်မလေးဟာ သူ့ 

ရည်စားဟောင်းကို ပြောပြီး Instagram မှာ ဓာတ်ပုံတွေတင်ခဲ့ပါတယ်။ သူမ ပိုင် ပစ္စည်းတွေမီးရှို့နေပုံ၊ အောက်မှာ ကားပါကင်တစ်ခုနဲ့ အထပ်ပေါင်းများစွာရှိတဲ့ တိုက်ပြူတင်းပေါက်မှာ ခြေထောက်တွဲလောင်းချထားပုံ တွေပါပဲ။
နောက်တော့ ဘာဆက်ဖြစ်သွားလဲ ဆိုတာတော့ မရှင်းပါဘူး။ ဒါပေမဲ့ တရုတ်ဖိုရမ် Mop က shared ထားတဲ့ ဓာတ်ပုံမှာတော့ ကားပါကင်က ရေအိုင်အလယ်မှာ အမျိုးသမီးအလောင်းတစ်ခုရှိနေတဲ့ မှုခင်းဖြစ်ပွားထားရာ နေရာရဲ့ ဓာတ်ပုံကို တွေ့ရပါတယ်။

အဲ့ဒီ မှုခင်းဖြစ်ပွားထားရာ ကားပါကင်ဟာ တရုတ်မလေးရဲ့ ဓာတ်ပုံထဲက ကားပါကင်နဲ့ ဆင်တူတယ်လို့ DailyDot သတင်းဆိုဒ်အရ သိရပါတယ်။ တရုတ်မလေးနဲ့ တစ်တိုက်တည်းနေတဲ့ အိမ်နီးချင်းတစ်ယောက်က အတည်ပြုပေးထားတာပါ။

‘ဒါ တကယ်ပါ။ ကျွန်တော်တို့ တစ်တိုက်တည်းနေတာ။ စနေနေ့ မနက်က သူမ ဆုံးသွားတာ။ ဘာပဲဖြစ်ဖြစ်ပေါ့၊ ကောင်မလေးတစ်ယောက်ဟာ သူ့ကိုယ်သူ သေကြောင်းကြံဖို့အတွက် ဘယ်လောက်များ သတ္တိရှိလိုက်သလဲ။ နောက်ဘ၀မှာ ငြိမ်းချမ်းမှုကို ရှာတွေ့ပါစေလို့ မျှော်လင့်လိုက်ပါ။’ လို့ အိမ်နီးချင်းဖြစ်သူက ရေးခဲ့ပါတယ်။

သူမရဲ့ သူငယ်ချင်းဖြစ်သူ နောက်တစ်ယောက်ကိုလည်း ‘ငါ သွားတော့မယ်။’ လို့ မက်ဆေ့ဂ်ျပို့ခဲ့ပါသေးတယ်။ သူငယ်ချင်းဖြစ်သူက သူမ သေဆုံးခဲ့မှုကို ၀မ်းနည်းခြင်း အထိမ်းအမှတ်အနေနဲ့ မက်ဆေ့ဂ်ျကို screenshot ရိုက်ပြီး တင်ခဲ့ပါတယ်။

‘ငါမသေဘဲနဲ့တော့ မေ့နိုင်မှာ မဟုတ်ဘူး။ ဘယ်တော့မှ မေ့လို့ရမှာ မဟုတ်ဘူး။’ လို့ တရုတ်မလေးက ပြောခဲ့ပါတယ်။ ရည်းစားဟောင်း ကောင်လေးထက် ပိုခန့်၊ ပိုချမ်းသာ တဲ့သူတွေ ရှိပေမဲ့ ‘ငါ့နှလုံးသားက နင်မဟုတ်တဲ့ တခြားတစ်ယောက်ကို လက်မခံနိုင်ဘူးဟာ။’ လို့ ကောင်မလေးက ပြောခဲ့ပါတယ်။ သူမကို မျှော်လင့်ချက်တွေ အများကြီးပေး၊ ကတိတွေ အများကြီးပြုခဲ့တဲ့ ကောင်လေးဟာ နောက်တော့ အလိမ်အညာတွေ ဖြစ်နေခဲ့ပါတယ်။

တရုတ်မလေး တင်ခဲ့တဲ့ ဓာတ်ပုံတိုင်းဟာ ရာနဲ့ချီတဲ့ follower တွေဆီကနေ like တွေရခဲ့ပေမဲ့ သူမရဲ့ သောကကို ဖြေသိမ့်ပေးသူ မရှိခဲ့ပါဘူး။ သူမသိပ်ချစ်ရသူနဲ့ လမ်းခွဲလိုက်ရလို့ အသည်းတွေ တစစီကြေမွခဲ့ရတဲ့ တရုတ်မလေးအတွက်တော့ တစ်လမ်းတည်းသော လွတ်မြောက်မှုဟာ သေဖို့ပဲ ဖြစ်ခဲ့ပါတယ်။

Trend Myanmar , kolatt(PBDN)
RangonNewsDaily









No comments:

Post a Comment