Pages

Pages - Menu

Friday, March 14, 2014

မတ် ၃၁ ရက်နောက်ဆုံးထား၍ FEC များ ပြန်လည်အပ်နှံ လဲလှယ်ရန် ဗဟိုဘဏ်မှ ထပ်မံထုတ်ပြန်

RangonNewsDaily: March . 14 .2014
မတ် ၃၁ ရက်နောက်ဆုံးထား၍ FEC များကို ပြန်လည်အပ်နှံရန်နှင့် လဲလှယ်ကြရန် မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ထပ်မံအသိပေး နှိုးဆော်ချက် ထုတ်ပြန်ထားကြောင်း မတ် ၁၃ ရက်ညပိုင်း မြန်မာ့ရုပ်မြင်သံကြား သတင်းဖော်ပြချက်အရ သိရသည်။
FEC ပိုင်ဆိုင်သူ၊ လက်ဝယ်ထားရှိသူများသည် ၂၀၁၃ ခုနှစ် ဧပြီ ၁ ရက်မှ ၂၀၁၄ ခုနှစ် မတ် ၃၁ ရက်အတွင်း FEC လဲလှယ်သူစာရင်း ဖွင့်ထားသောဘဏ်ရှိ အမေရိကန် ဒေါ်လာငွေစာရင်းသို့ ထည့်သွင်းပေးခြင်း (သို့မဟုတ်) အမေရိကန်ဒေါ်လာဖြင့် ငွေသားထုတ်ပေးခြင်း၊
FEC လဲလှယ်သူအမည်ဖြင့် ဘဏ်တွင် သက်ဆိုင်ရာ နိုင်ငံခြားငွေစာရင်း အသစ်ဖွင့်လှစ်ထည့်သွင်းခြင်း၊ ဗဟိုဘဏ်ကနေ့စဉ် ထုတ်ပြန်သည့် ရည်ညွှန်းငွေ လဲလှယ်နှုန်းကို အခြေခံသော ငွေလဲကောင်တာများ၏ နိုင်ငံခြားငွေဝယ်ဈေးနှုန်းဖြင့် ပြောင်းလဲတွက်ချက် ရရှိသည့် ကျပ်ငွေကို FEC လဲလှယ်သူ ဖွင့်လှစ်ထားသည့် ကျပ်ငွေစာရင်းသို့ ထည့်သွင်းခြင်း၊

FEC လဲလှယ်သူအမည်ဖြင့် သက်ဆိုင်ရာဘဏ်တွင်ကျပ် ငွေစာရင်းအသစ် ဖွင့်လှစ်ထည့်သွင်းခြင်း (သို့မဟုတ်)ကျပ်ငွေဖြင့် ငွေသားထုတ်ပေးခြင်း စသည့် နှစ်သက်ရာနည်းလမ်းဖြင့် အပ်နှံလဲလှယ်နိုင်ခြင်းကို အများပြည်သူထံသို့ အသိပေးကြေညာထားပြီး ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် နိုင်ငံခြားငွေများ ရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်း၊လိုင်စင်ရဘဏ်များ၊ နိုင်ငံခြားငွေဖြင့် ဘဏ်လုပ်ငန်း ဆောင်ရွက်ခွင့်ရှိသည့် ဘဏ်များတွင် လဲလှယ်နိုင် ပြီး ၂၀၁၄ ခုနှစ် မတ် ၃၁ ရက် ကျော်လွန်ပါက နိုင်ငံခြားငွေလက်မှတ် အပ်နှံလဲလှယ်ခြင်းကို ဆောင်ရွက်နိုင်တော့မည် မဟုတ်ကြောင်း မြန်မာ့ရုပ်မြင်သံကြား သတင်းတွင် ဖော်ပြခဲ့သည်။

Eleven Media , 
kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment