Pages

Pages - Menu

Saturday, March 15, 2014

မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ရဲတပ်ရင်းများကို လူစုလူဝေး ထိန်းသိမ်းနည်း EU သင်တန်းပေးမည်


RangonNewsDaily: March . 15 .2014
လူမျိုးရေး၊ ဘာသာရေးစသည့် အဓိကရုဏ်းများ ဖြစ်ပေါ်လာပါက စနစ်တကျ ထိန်းသိမ်းနိုင်ရေးအတွက် မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ရဲတပ်ရင်းများကို လူစုလူဝေး ထိန်းသိမ်းနည်း သင်တန်း ဥရောပသမဂ္ဂ (EU) က မတ်လ နောက်ဆုံးပတ်ခန့်တွင် သင်ကြားပေးသွားမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရ အဖွဲ့ထံမှ စုံစမ်းသိရှိရသည်။
အဆိုပါ သင်တန်းကို ပုသိမ်ကြီး မြို့နယ်အတွင်းရှိ ရွှေစာရံကျေးရွာ ရဲတပ်ရင်း အမှတ် (၄) တွင် မတ်လ ၂၄ ရက်နေ့မှ စတင်သင်ကြားပေးမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူထံမှ သိရသည်။

“လူအုပ်စု ထိန်းသိမ်းဖို့အတွက် စည်းမျဉ်း စည်းကမ်းတွေ ရုန်းရင်းဆန်ခတ် မဖြစ်ပွားအောင် စီမံနိုင်ဖို့နဲ့ လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းဖြစ်ရင် စနစ်တကျ ထိန်းသိမ်း နိုင်အောင်အတွက် ရဲတပ်ရင်းတွေကို သင်တန်းပေးမှာပါ” ဟု မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ဒုရဲအုပ်တစ်ဦးက ဆိုသည်။


ယင်းသို့ မန္တလေးတိုင်းဒေသကြီးရှိ ရဲတပ်ရင်းများကို EU က သင်ကြားပေးခြင်းသည် ပထမဆုံး အကြိမ်ဖြစ်ပြီး နောက်ပိုင်းတွင် ယင်းကဲ့သို့ သင်တန်း ပေးမည်ကိုမူ အတိအကျ မပြောနိုင်သေးကြောင်း အဆိုပါ သင်တန်းနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။
ရဲတပ်ဖွဲ့ဝင်များ အရည်အချင်း မြှင့်တင်ရန်အတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်က ဖွင့်လှစ်သော သင်တန်းများ၊ တပ်မတော်က ဖွင့်လှစ်သော သင်တန်းများနှင့် တိုင်းဒေသကြီး အစီအစဉ်ဖြင့် ဖွင့်လှစ်သော သင်တန်းများကို နှစ်စဉ် စေလွှတ်ကာ တက်ရောက်စေပြီး တရားဥပဒေ စိုးမိုးရေး လုပ်ငန်းများအတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် နိုင်ငံတကာ အဖွဲ့အစည်းများ ပူးပေါင်း ဆောင်ရွက်လျက် ရှိကြောင်း မတ်လ ၁၁ ရက်နေ့က ကျင်းပသည့် တိုင်းဒေသကြီး လွှတ်တော် နဝမ ပုံမှန်အစည်းအဝေးတွင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်ကျော်မိုးက ပြောကြားသည်။


မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အဆင့်မြှင့်တင်ရန်အတွက် ဥရောပသမဂ္ဂ၏ အစီအစဉ်ဖြင့် ဖေဖော်ဝါရီလ ၂၀ ရက်နေ့က ရန်ကုန်မြို့တော် မင်္ဂလာဒုံမြို့နယ် လေ့ကျင့်ရေးကွင်း အမှတ် (၈) တွင် မြန်မာ့လုံထိန်း ၁၄၁၉ ဦး ကို အဓိကရုဏ်း ကိုင်တွယ် ဖြေရှင်းနည်း သင်တန်းပို့ချ ပေးခဲ့သည်။

The Voice , 
kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment