Pages

Pages - Menu

Monday, March 3, 2014

နဝမတန်းကျောင်းသူတစ်ဦး လပတ်စာမေးပွဲအမှတ် နည်း၍ ပိုးသတ်ဆေးသောက် သေကြောင်းကြံ

RangonNewsDaily: March . 3 .2014
မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ်ရှိ ဘော်ဒါဆောင် တစ်ခုတွင် လပတ် စာမေးပွဲ အမှတ်နည်းသဖြင့် နဝမတန်း ကျောင်းသူ တစ်ဦးသည် ကြွက်သတ်ဆေး အနည်းငယ်နှင့် ပေါင်မုန့်တို့ရော၍ စားသောက်ခဲ့ပြီး သေကြောင်း ကြံစည်ခဲ့ကြောင်း ပျော်ဘွယ်မြို့နယ် ရဲတပ်ဖွဲ့စခန်း ဒုရဲမှူးက ပြောကြားသည်။
ပျော်ဘွယ်မြို့ ရွှေပြည်ရန်နိုင် ရပ်ကွက်ရှိ ဘော်ဒါဆောင် နေသူသည် မတ်လ ၁ ရက်နေ့ ည ၁၀ နာရီခန့်က ကြွက်သတ်ဆေးနှင့် ပေါင်မုန့်ရော၍ စားသုံးခဲ့သဖြင့် မူးဝေအော့အန်ပြီး ပျော်ဘွယ်ဆေးရုံသို့ ပို့ဆောင် ကုသလျက် ရှိကြောင်း ပျော်ဘွယ် မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောကြားသည်။
“ကိုးတန်းကျောင်းသူလို့ သိရတယ်၊ သူက လပတ်စာမေးပွဲမှာ အမှတ်နည်းလို့ ကြွက်သတ်ဆေး သောက်ပြီး သေကြောင်း ကြံတယ်လို့ စစ်ဆေးသိရတယ်” ဟု ၎င်းက ထပ်မံဆိုသည်။

အဆိုပါ ကျောင်းသူသည် ပျော်ဘွယ် ဆေးရုံတွင် ဆေးကုသမှု ခံယူပြီး သက်သာ လာသဖြင့် မတ်လ၂ ရက်နေ့ နံနက်ပိုင်းက ဆေးရုံမှ ဆင်းခဲ့ပြီး ကြွက်သတ်ဆေး သောက်၍ သေကြောင်းကြံသူ ယင်းနဝမတန်း ကျောင်းသူကို ပျော်ဘွယ်မြို့နယ် မြို့မရဲစခန်းက (ပ) ၆၀/၂၀၁၄ ပြစ်မှုပုဒ်မ ၃၀၉ အရ အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း ပျော်ဘွယ်မြို့နယ် ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

မိဘနှင့် အုပ်ထိန်းသူများ အနေနှင့် အထက်တန်း ကျောင်းသားများနှင့် ပတ်သက်၍ စာမေးပွဲ ဖြေဆိုရန် နီးကပ်ချိန်များတွင် ဖိအားမပေးသင့်ဘဲ စိတ်ဓာတ်ကို မြှင့်တင်ပေးရန် လိုကြောင်း အောင်မြေသာစံ မြို့နယ်ရှိ နေ့အထူးနှင့် ဘော်ဒါဆောင် တည်ထောင်ထားသူ ဆရာတစ်ဦးက ပြောကြားသည်။

The Voice , 
kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment