Pages

Pages - Menu

Monday, March 3, 2014

မြိတ် - ကျွန်းစု အမြန်ရေယာဉ် စတင်ပြေးဆွဲ


RangonNewsDaily: March . 3 .2014
မြိတ်မြို့နှင့် ကျွန်းစုမြို့သို့ ယနေ့ ဖေဖော်ဝါရီလ (၂၇)ရက်နေ့ နံနက် (၈)နာရီမှ စ၍ ကြံတိုင်းအောင် အမြန်ရေယာဉ် အမြန်ရေယာဉ် စတင် ပြေးဆွဲရာ ကျွန်းစုမြို့နေ ပြည်သူများ ၀မ်းမြောက်လျက် ရှိသည်။ 
ကြံတိုင်းအောင် အမြန်ရေယာဉ်၌ ခရီးသည် ထိုင်ခုံ (၁၀၅)ခုံ၊ အလယ်ခုံ ထည့်ပါက (၁၅၀)ခန့် စီးနင်းလိုက်ပါနိုင်ပြီး ယာဉ်စီးခ ခရီးသည်တစ်ဦးလျှင် (၁၀၀၀ိ)ကျပ်နှုန်းဖြင့် မြိတ်မြို့မှ ကျွန်းစုမြို့သို့ နံနက် (၈)နာရီတွင် လည်းကောင်း၊ ကျွန်းစုမြို့မှ မြိတ်မြို့သို့ နံနက် (၉)နာရီတွင် လည်းကောင်း၊

 နေ့လည် (၂)နာရီတွင် မြိတ်မှ ကျွန်းစု၊ ညနေ (၃)နာရီ ခွဲတွင် ကျွန်းစုမြို့မှ မြိတ်မြို့သို့ လည်းကောင်း တစ်နေ့ (၄)ကြိမ် ပြေးဆွဲမည် ဖြစ်ပြီး ခုတ်မောင်းချိန်မှာ (၄၅)မိနစ်ခန့် ကြာမြင့်မည် ဖြစ်သည်။

မြိတ်ပုလဲမြေ 
kolatt(PBDN)

RangonNewsDaily

No comments:

Post a Comment