Pages

Pages - Menu

Thursday, March 6, 2014

ပူတင်ကို ဆန့်ကျင်သည့်အနေဖြင့် သတင်းကြေညာသူ နုတ်ထွက်


RangonNewsDaily: March . 6 .2014
သတင်းကြေညာသူ အမျိုးသမီးက ရုရှားသမ္မတ ဗလာဒီမာပူတင်၏ အိမ်နီးချင်း ယူကရိန်းနိုင်ငံအပေါ် ကျူးကျော်သည့် လုပ်ရပ်ကို ရှုတ်ချကြောင်း ပွင့်ပွင်းလင်းလင်း ပြောကြားခဲ့သည်။
ရုရှားတပ်များ ယူကရိန်းကို နယ်ချဲ့ဝင်ရောက်မှုကို ဆန့်ကျင်သည့် အနေဖြင့် ရုရှားသတင်းဌာန တစ်ခုမှ သတင်းကြေညာသူ အမျိုးသမီး တစ်ဦးသည် တိုက်ရိုက်စီစဉ် တင်ဆက်နေစဉ်မှာပင် အလုပ်ထွက်ခဲ့ကြောင်း သိရသည်။ သူမက ရုရှားသမ္မတ ဗလာဒီမာပူတင်၏ အိမ်နီးချင်း ယူကရိန်းနိုင်ငံအပေါ် ကျူးကျော်သည့် လုပ်ရပ်ကို ရှုတ်ချကြောင်း ပွင့်ပွင်းလင်းလင်း ပြောကြားခဲ့သည်။ 

ရုရှားသတင်းဌာန RT၏ အမေရိကန် အခြေစိုက် ဌာနတွင် အလုပ်လုပ်နေသော အမေရိကန်သူ လစ်ဇ်ဝါးဟ်လ်က “ပူတင်လုပ်သမျှတွေကို လိုက်ပြီး ဖာထေး ဖုံးကွယ်နေတာမျိုး မလုပ်နိုင်ဘူး”ဟု အပြတ်ပြောကာ တိုက်ရိုက်ထုတ်လွှင့်နေစဉ်မှာပင် အလုပ်ထွက်ခဲ့ခြင်း ဖြစ်သည်။ 

သူမက ခရိုင်းမီးယားသို့ ရုရှားတပ်များ ကျူးကျော်ဝင်ရောက် တပ်စွဲထားခြင်းသည် လုံးဝမှားယွင်းကြောင်းလည်း အခိုင်အမာ ခံယူထားသည်။

သူမမတိုင်မီကလည်း လုပ်ဖော်ကိုင်ဖက် အက်ဘီမာတင်က ရုရှားတပ်များ၏ ကျူးကျော်မှုသည် လက်ခံနိုင်စရာ မရှိသည့် အမှားအယွင်းဟု ဝေဖန်ခဲ့သည်။ RT၏ ဌာနအကြီးအကဲများက မာတင်ကို ခရိုင်းမီးယားသို့ ပို့လွှတ်ရန် ရည်ရွယ်ခဲ့ရာ သူမက ယင်းဒေသနှင့် ပတ်သက်သော အကြောင်းအရာများကို လေ့လာခဲ့သည်။ ထို့နောက်တွင်မူ RT၏ အစီအစဉ်ကို ပယ်ချလိုက်သည်။ 


“အရှုပ်အထွေး တစ်ခုခုမှာ စစ်တပ်က ကြားဝင်လာတယ်ဆိုတာ ဘယ်တော့မှ အဖြေမှန် မဟုတ်ဘူး”ဟု မာတင်က ပြောကြားခဲ့သည်။ထို့နောက်တွင်မူ ဝါးဟ်လ်၏ နုတ်ထွက်မှု ပေါ်ပေါက်လာခြင်း ဖြစ်သည်။

ဝါးလ်ဟ်က “ကျွန်မက အမေရိကန် တစ်ယောက် ဖြစ်ရတာနဲ့ အမှန်တရားကို ဖော်ထုတ်ရတာကို ဂုဏ်ယူတယ်။ ဒါကြောင့် ဒီသတင်းကြေညာမှု အပြီးမှာပဲ ကျွန်မ အလုပ်က နုတ်ထွက်ပါပြီ”ဟု သတင်းကြေညာနေစဉ် ပြောဆိုသွားခဲ့သည်။ သူမ၏ အပြုအမူကို အများက ကောင်းချီးပေးကြသော်လည်း RTကမူ ကိုယ့်ကိုယ်ကိုယ် ထင်ပေါ်အောင် တမင်လုပ်ဆောင်မှုဟု စွပ်စွဲထားသည်။ 


“ဝါးလ်ဟ်အနေနဲ့ သူရွေးချယ်လိုက်တဲ့လမ်းမှာ အဆင်ပြေပါစေလို့ ဆုတောင်းပေးပါတယ်”ဟု RTက ကြေညာခဲ့သည်။

Planet Myanmar Network , 
kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment