Pages

Pages - Menu

Friday, March 28, 2014

အမေရိကန်နှင့် တောင်ကိုရီးယား နှစ်၂၀ အတွင်း အကြီးဆုံး ပူးတွဲစစ်ရေးလေ့ကျင့်


RangonNewsDaily: March . 28 .2014
မြောက်ကိုရီးယားက ဂျပန်နိုင်ငံအထိ ရောက်အောင် ပစ်ခတ်နိုင်သော တာလတ်ပစ် တိုက်ချင်းပစ်ဒုံးကျည်များ စမ်းသပ်ပစ်လွှတ်ခဲ့မှုပြီး နောက်တစ်ရက်တွင် နှစ်ပေါင်း ၂၀ အတွင်း အကြီးဆုံး စစ်ရေးလေ့ကျင့်အဖြစ် အမေရိကန်နှင့် တောင်ကိုရီးယားတို့ စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့ကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။
အမေရိကန်နှင့် တောင်ကိုရီးယား တပ်သား ၁၅၀၀၀ ခန့် ပါဝင်သော ကမ်းတက် စစ်ရေးလေ့ကျင့်မှုကို တောင်ကိုရီးယားနိုင်ငံ၏ အရှေတောင်ဘက် ကမ်းခြေတွင် စစ်ရေးလေ့ကျင့်ခဲ့ခြင်း ဖြစ်ပြီး အမေရိကန်တပ်သား ၁၀၀၀၀ ခန့် ပါဝင်သည်။

Twin Dragons ဟု အမည်ပေးထားသော အဆိုပါ ကမ်းတက်စစ်ရေး လေ့ကျင့်မှုသည် ၁၂ ရက်ခန့်ကြာမည် ဖြစ်ပြီး တောင်ကိုရီးယားဘက်မှ မရိမ်းတပ်သား ၃၅၀၀ နှင့် ရေတပ်သား ၁၀၀၀ ခန့် ပါဝင်လေ့ကျင့်လျက် ရှိသည်။

အမေရိကနှင့် တောင်ကိုရီးယားတို့၏ စစ်ရေး လေ့ကျင့်မှုများသည် မြောက်ကိုရီးယားကို ကျူးကျော်ရန် လေ့ကျင့်မှုအဖြစ် မြောက်ကိုရီးယားက ရှုမြင်လေ့ရှိပြီး လွန်ခဲ့သော သီတင်းပတ်အတွင်း တာတိုပစ် ဒုံးကျည်များ၊ တာလတ် ပစ်တိုက်ချင်းပစ် ဒုံးကျည်များ စမ်းသပ် ပစ်လွှတ်ခဲ့သည်။

တိုက်ချင်းပစ် ဒုံးကျည်များ စမ်းသပ် ပစ်လွှတ်ခြင်းမပြုရန် မြောက်ကိုရီးယားကို ကုလသမဂ္ဂက တားမြစ်ထားပြီး မြောက်ကိုရီးယားသည် ယမန်နေ့က တိုက်ချင်းပစ် တာလတ်ပစ် ဒုံးကျည်ကို စမ်းသပ်ပစ်လွှတ် ခဲ့ခြင်းကြောင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ တံခါးပိတ် အစည်းအဝေးကို ကြာသပတေးနေ့တွင် ကျင်းပရန် ပြင်ဆင်လျက် ရှိသည်။

တောင်ကိုရီးယားတွင် အမေရိကန် တပ်သား ၃၀၀၀၀ ခန့် အမြဲတမ်း တပ်စွဲထားပြီး တောင်ကိုရီးယားနှင့် နှစ်စဉ် စစ်ရေးလေ့ကျင့်မှု ပြုလုပ်လေ့ ရှိသည်။

အမေရိက၏ ရန်လိုမှု အခြေအနေကို မြောက်ကိုရီးယား၏ နျူကလီးယား အဟန့်အတားဖြင့် တုံ့ပြန်မည် ဆိုသည်ကို လက်တွေ့ပြသမည်ဟု ယခုလအစောပိုင်းက မြောက်ကိုရီးယား အမျိုးသားကာ ကွယ်ရေးကော်မရှင်က ခြိမ်းခြောက် ပြောဆိုထားသည်။

မြောက်ကိုရီးယားသည် ၂၀၀၆၊ ၂၀၀၉ နှင့် ၂၀၁၃ ခုနှစ်တို့အတွင်း နျူကလီးယား စမ်းသပ်ဖောက်ခွဲမှုများ ပြုလုပ်ခဲ့သည်။

The Voice  , kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment