Pages

Pages - Menu

Wednesday, March 12, 2014

အာဆင်နယ် နှင့် အိုဇေးလ် တို့ အား လှောင်ပြောင် ထားသည့် ပိုစ တာ ကြောင့် ဘေယန်မြူးနစ် အနေဖြင့် ယူအီးအက်ဖ် အေ၏ အရေး ယူမှု နှင့် ရင်ဆိုင်ရဖွယ် ရှိ


RangonNewsDaily: March . 12 .2014
(၁-၁) ဖြင့် သရေကျ ခဲ့ သော ဘိုင်ယန် မြူးနစ် အသင်း နှင့် အာဆင်နယ်အသင်း တို့ ၏ ချန်ပီယံ လိဒ် (၁၆) သင်း အဆင့် ဒုတိယ အကျော့ ပွဲစဉ်မတိုင် မှီတွင် ..... အလီယန့် အရီနာ ကွင်း အတွင်း တွင် အိမ်ရှင် ဘေယန်ပရိတ်သတ် များ က အာဆင်နယ် အသင်း နှင့် အာဆင်နယ် ၏ ဂျာမာန်ကစား သမား အိုဇေးလ် တို့ အားလှောင် ပြောင်ထား သည့် ပိုစတာ အားကိုင် ဆောင်ပြသခဲ့ သည်။
အဆို ပါ ပိုစတာ တွင် "Gay Gunners" ဟူသော စာသား နှင့် တစ်ကွ မီဆွတ် အိုဇေးလ်၏ ပုံပြောင် တို့ အားရေး
ဆွဲ ထားသည်။

ဂျိုအာချင်လို ၏ ဂျာမနီ အသင်း လူစာရင်း တွေ ပါဝင်ခွင့် ရရှိ နေသော်လဲ နောက်ပိုင်း အာဆင်နယ် အသင်း ၏ ပွဲစဉ် များတွင် ခြေစွမ်း လုံလုံလောက် လောက်ပြသနိုင်ခြင်း မရှိခဲ့ သည့် အတွက် ဂျာမနီ ပရိတ်သတ်များ အနေဖြင့် လာမည့် နွေရာသီတွင် ဘရာဇီးလ် တွင် ကျင်းပ မည့် ကမ္ဘာ့ ဖလား တွင်အိုဇေးလ် အား နိုင်ငံ အသင်း အတွက် မရွေးချယ် စေလိုနေ ခြင်း ကြောင့် ယခုကဲ့ သို့ လှောင် ပြဖြင်း ဖြစ်နိုင်ကြောင်း သိရ သည်။

အဆိုပါ ပိုစတာ အနေဖြင့် ကြီးမားသော အရွယ် အစား မဟုတ်သော် လဲဘေယန်မြူး နစ် အသင်း အနေဖြင့် အခန့် မသင့်လျှင် ယူအီးအက်အေ ၏အရေး ယူမှု နှင့် ကြုံတွေ့ ရနိုင် သည်။ ယူအီးအက်ဖ်အေ အနေဖြင့် ထိုကဲ့သို့ ပိုစတာ များဖြင့် ပြိုင်ဘက် အသင်း အား လှောင် ပြောင်ခဲ့ သည့် အသင်းများ ကို အရေး ယူဖူးသည့် သာဓက များလဲ ရှိခဲ့ သည်။

 အေစီမီလန် အသင်း နှင့် ချန်ပီယံလိဒ် ပွဲစဉ် ကစားခဲ့ စဉ်အခါ က ဆဲလ်တစ် ပတ်ခ်ကွင်းတွင် အိမ်ရှင် ဆဲလ်တစ် ပရိတ်သတ် များ က ပြိုင်ဘက် အသင်း အားလှောင်ပြောင် သော ခွင့်ပြုထား ခြင်း မရှိသည့် ပိုစတာ များ ကိုင်ဆောင်ခဲ့ သည့် အတွက် ဆဲလ်တစ် အသင်း အား ဒေါ်လာ ၄၂,၀၀၀ ဒဏ် ရိုက်ခဲ့ ဖူးသည်။

Football Café , 
kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment