Pages

Pages - Menu

Thursday, March 6, 2014

ကားပေါ်က ကြဲချတဲ့ ပိုက်ဆံလိုက်ကောက်တဲ့ ၇ တန်းကျောင်းသား ကားတိုက်ခံရ


RangonNewsDaily: March . 6 .2014
အလောင်းတော်ကသပ ဘုရားဖူး ယာဉ်တစ်စီးပေါ်မှ ပိုက်ဆံကြဲချသည်ကို လိုက်လံကောက်ယူသည့် ခုနှစ်တန်းကျောင်းသားတစ်ဦး ကားတိုက်ခံရမှုတစ်ခုကို အမှုဖွင့် အရေးယူထားကြောင်း စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ကပိုင်ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် တစ်ဦးကပြောသည်။
ဖြစ်စဉ်မှာ မတ်လ ၃ရက် ညနေ ၆ နာရီ ၁၅ မိနစ်အချိန်က အလောင်းတော်ကဿပ ဘုရားဖူး ပြန်လာသော ဖြူပြာရောင် မှန်လုံယာဉ်တစ်စီးသည် ကပိုင်ကျေးရွာအနောက်ဖက် ပွင့်ကြီးကုန်းအဆင်းတွင် ဘုရားဖူးကားပေါ်မှ လိုက်ပါလာသူများက ပိုက်ဆံများကြဲချခဲ့ရာ အဆိုပါ ကားလမ်းအနီးရှိ ကလေးငယ်များက လိုက်လံ ကောက်ယူခဲ့ကြသည်ဟု ဆိုသည်။

ထိုသို့ကောက်ယူစဉ် ယင်းမာပင်မြို့နယ်၊ သလောက်ကျေးရွာမှ ခုနှစ်တန်းကျောင်းသား မောင်စိုးလင်းသည် တစ်ဖက်လမ်းကြောတွင် ယင်းမာပင်မြို့နယ် သီးကုန်းကျေးရွာနေ ဦးဆန်းဌေး မောင်းနှင်လာသည့် ကား၏ ဘန်ကာဖြင့် ချိတ်၍ ပွတ်တိုက်ပါသွားခဲ့ပြီး ဒဏ်ရာများရရှိခဲ့ကြောင်း ကပိုင်ရဲကင်းစခန်းမှူး ဒုရဲအုပ် ဇော်ထက်ဟန်က မှတ်တမ်းရယူထားသည်ဟု ဆိုသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး ကပိုင်ရဲကင်းစခန်းက ယာဉ်မောင်းနှင်လာသူကို ယင်းမာပင်မြို့မရဲစခန်း ယာဉ်(ပ)၅/၂ဝ၁၄ ပြစ်မှုပုဒ်မ ၃၃၈ အရ အမှုဖွင့် အရေးယူထားသည်။

Today Myanmar ,kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment