Pages

Pages - Menu

Monday, March 10, 2014

မလိုအပ်ဘဲကုန်တင်ကားဂိတ်များ ဖွင့်လှစ်လာ သည့်အပေါ်တွင် စိစစ်မှုများပြုလုပ်နေ


RangonNewsDaily: March . 10 .2014
ယခုလက်ရှိတွင်ရန်ကုန်မြို့တွင်း၌ ကုန်စည်ပို့ဆောင်ရေးကားဂိတ် များယခင်ကထက်ပိုမိုများပြားလာခြင်းကြောင့် ပြဿနာတစ်စုံတစ်ရာ မဖြစ်ပေါ်စေရန်အတွက် အဝေးပြေးကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်းမှ စနစ်တကျစိစစ်မှုများပြုလုပ်လျက်ရှိကြောင်း အသင်းဥက္ကဋ္ဌဦးလှဦးက ပြည်ထောင်စုနေ့စဉ်သို့ပြောသည်။
ယခုအချိန်တွင် စီးပွားရေးလုပ်ငန်းအရမြို့တွင်း၌ ဘုရင့်နောင် အဝေးပြေးကုန်စည်ဂိတ်များအပါအဝင် အပြင်ဘက်မြို့နယ်များ၌ အဝေး ပြေးကုန်တင်ကားဂိတ်များဖွင့်လှစ်မှုများပြားလာခြင်းကြောင့် ယင်းကား ဂိတ်လုပ်ငန်းများ၏ ရပ်တည်မှုအခြေအနေနှင့်ပတ်သက်၍ အဝေးပြေး ကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်းက စိစစ်မှု များပြုလုပ်လျက်ရှိကြောင်း၊ စိစစ်မှုအရ နောက်ကွယ်မှငွေကြေး
စိုက်ထုတ် ပေးသူများရှိပါက¤င်းတို့ဘက်မှတာဝန်ယူမှုများရှိစေရန်အတွက် စနစ် တကျဆောင်ရွက်နေကြောင်း အသင်းဥက္ကဋ္ဌဦးလှဦးကပြောသည်။ 

''ကားဂိတ်တွေက တကယ်တမ်းမလိုအပ်ဘဲ ဖောင်းပွလာပါ တယ်။ စီးပွားရေးအရကျပ်တည်းလာတဲ့သူတွေက ကားဂိတ်လုပ်ငန်း
တွေလုပ်လာတာများပါတယ်။ ငွေကြေးတတ်နိုင်တဲ့သူတွေကလဲ အလုပ် သမားခေါင်းဆောင်တွေခန့်ပြီး အနောက်ကနေရပ်တည်ပြီး ကားဂိတ် တွေဖွင့်လာကြပါတယ်။ အဲဒီလိုဖွင့်တဲ့နေရာမှာ အောင်မြင်တဲ့ကား ဂိတ်ဆိုပြဿနာမရှိဘူး။ မအောင်မြင်တဲ့အချိန်မျိုးမှာ ဂိတ်ပိုင်တွေ ထွက်ပြေးသွားတာမျိုးရှိပါတယ်။ 

နောက်ပြီး နောက်ကွယ်ကနေ ငွေကြေးထောက်ပံ့ပေးတဲ့သူကလဲ မသိမသာရှောင်တိမ်းသွားတာမျိုးတွေရှိပါတယ်။ ဒါတွေကို ကျွန်တော် တို့ဘက်ကနေ စိစစ်မှုတွေပြုလုပ်နေပါတယ်။ စာရေးတစ်ယောက် ဖြစ်စေ၊ ကုန်ကြီးကြပ်တဲ့သူတစ်ယောက်ဖြစ်စေ ကားဂိတ်ဖွင့်တော့ မယ်ဆိုရင်သူ့အနောက်ကငွေကြေးထုတ်ပေးတဲ့သူက တာဝန်ယူနိုင် တယ်ဆိုမှလုပ်ငန်းကို လုပ်ခွင့်ပေးမှာပါ။ အခုဆိုရင် ကုန်တင်ကား ဂိတ်တွေဖွင့်မယ်ဆိုရင် အသင်းကိုလာပြီးအကြောင်းကြားရပါမယ်။ နောက်ပြီး ဖွင့်မယ့်သူရဲ့ရပ်ကွက်က ရပ်ကွက်အုပ်ချုပ်ရေးမှူးရဲ့ ထောက်ခံချက်
လိုအပ်ပါတယ်။ နောက်တစ်ခုက ပွဲရုံလုပ်ငန်းတူတွေ က ထောက်ခံချက်ပေးရမှာဖြစ်ပါတယ်''ဟု ၄င်းကပြောသည်။ 

ယခုလက်ရှိ၌ အဝေးပြေးကုန်စည်ကားဂိတ်များအနေဖြင့် ဘုရင့်နောင်အပြင် ပြင်ပကြည့်မြင်တိုင်၊ အလုံ၊ ဗိုလ်တထောင်၊ မြောက်ဥက္ကလာ၊ တောင်ဥက္ကလာမြို့နယ်များတွင်လည်းဖွင့်လှစ်ထား ကြောင်း၊ ယင်းမြို့နယ်များမှ ကုန်တင်ကားဂိတ်များမှာ ရန်ကုန်မြို့ တော်စည်ပင်မှသိုလှောင်ရုံအဖြစ် သတ်မှတ်ပေးထားကြောင်း သိရ သည်။ ၂ဝ၁၄ ခုနှစ် ဖေဖော်ဝါရီလကုန်ပိုင်းအထိ အဝေးပြေး ကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း၌ အသင်း ဝင်ကားဂိတ် ၃၄ဝ အထိရှိနေပြီး ဘုရင့်နောင်ကုန်စည်ကားဝင်းအတွင်း တစ်ရက်လျှင် ကုန်တင်ကားအစီးရေ ၁၄ဝဝ မှ ၁၅ဝဝ ကြားကုန် တင်ကုန်ချပြုလုပ်လျက်ရှိကြောင်း သိရသည်။

The Union Daily , 
kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment