Pages

Pages - Menu

Tuesday, March 25, 2014

မြစ်ဆုံစီမံကိန်း အပြီးတိုင်ရပ်ဆိုင်းရေးရွှေတိဂုံမှမြစ်ဆုံ မိုင် ၁၅၀၀ ကျော်ခရီးစတင်


RangonNewsDaily: March . 25 .2014
သမ္မတဦးသိန်းစိန်၏ သက်တမ်းအတွင်းရပ်ဆိုင်းရန်တရားဝင်ကြေညာထားသော မြစ်ဆုံဆည်စီမံကိန်းနှင့်ပတ်သက်၍ CPI ကုမ္ပဏီ
အနေဖြင့်လုပ်ငန်း ပြန်လည်စတင်ရန်ကြိုးပမ်းမှုများရှိနေ သောကြောင့်အဆိုပါမြစ်ဆုံဆည်စီမံကိန်းကိုအပြီးတိုင်ရပ်ဆိုင်းရေးအတွက်
 လှုပ်ရှားမှု တစ်ရပ်အနေဖြင့် နိုင်ငံရေးအကျဉ်းသားဟောင်းများ အဖွဲ့ချုပ်က ဦးဆောင်ကာ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ အပါအ
ဝင် လူပေါင်း ၅၀ ၀န်းကျင်က မတ် ၂၃ ရက် နံနက် ၆နာရီတွင် ရွှေတိဂုံဘုရားအရှေ့ဘက် မုခ်ရှိ ကြေးသွန်းဘုရားကြီးရှေ့မှ စတင်
ကာ ကချင်ပြည်နယ် မြစ်ဆုံအထိ မိုင်ပေါင်း ၁၅၀၀ ကျော်ခရီးကို စတင်ထွက်ခွာသွားကြသည်။
" သမ္မတကြီးက မြစ်ဆုံစီမံကိန်း လုံးဝရပ်ဆိုင်းဖို့ဆုံးဖြတ်ချက်ချတဲ့အခါမှာ တုံ့ဆိုင်းနေတယ်။ ဒီစီမံကိန်းနဲ့ပတ်သက်လို့ အစိုးရနဲ့လွှတ်
တော်က ဆုံးဖြတ်ချက်ရဲရဲဝံ့ဝံ့ချနိုင်ဖို့အတွက် ကျွန်တော်တို့တွေက ၀န်းရံတဲ့ သဘောပါ။ အခု လမ်းလျှောက်တဲ့အဖွဲ့ထဲမှာ နိုင်ငံရေး
တက်ကြွလှုပ်ရှားသူတွေအပါအ၀ငရဟန်းရှင်လူနဲ့ကျောင်းသားလူငယ်တွေပါတယ်။ မေခ၊ မလိခဆုံတဲ့နားက တန်ဖဲရွာအထိလျှောက်
မှာပါ " ဟု လမ်းလျှောက် ရာတွင် ဦးဆောင်သူ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့မှ ကိုရဲထွဋ်ခေါင်က စံတော်ချိန်သို့ ပြောဆို
သည်။

မြစ်ဆုံဆည်စီမံကိန်း ဆက်လက်လုပ်ကိုင်မည်ဆိုပါက မြစ်ဆုံဒေသ သာမက မြစ်ကြောင်းတစ်လျှောက်ထိခိုက်ပျက်စီးနိုင်မည့် အနေ

ထား များစွာရှိနေသော်လည်း CPI ကုမ္ပဏီကမူ အဆိုပါ အချက်အလက်များ နှင့်ပတ်သက်၍ ၂၀၁၁ ခုနှစ်က ၎င်းတို့ထုတ်ပြန်သော
အစီရင်ခံစာတွငအတိအကျဖော်ပြရန်ပျက်ကွက်ခဲ့သဖြင့် မြစ်ဆုံဆည်ရပ်ဆိုင်းရေးလမ်းလျှောက်သူများကCPI ကုမ္ပဏီကို ဂုဏ်သိက္ခာ
မရှိသော ကုမ္ပဏီ တစ်ခုအဖြစ် ရှုတ်ချခဲ့ကြပြီး မြန်မာနိုင်ငံအတွင်းမှ အပြီးအပိုင်ထွက်ခွာ သွားရန် တောင်းဆိုခဲ့ကြသည်။

" အခုလို လမ်းလျှောက်ဖို့အတွက် ခွင့်ပြုချက်တော့ တင်မထားဘူး။ ဒါပေမဲ့ ဖြတ်သန်းသွားမယ့် ပြည်နယ်နဲ့ တိုင်းဒေသကြီးအားလုံး

က ၀န်ကြီးတွေနဲ့အာဏာပိုင်တွေအပါအ၀င် နိုင်ငံတော်သမ္မတအထိ အကြောင်းကြားစာတွေ ပေးပို့ထားပါတယ်။ 

ကျွန်တော်တို့က နိုင်ငံတော် ကို ဆန့်ကျင်တာမဟုတ်ပါဘူး။ နိုင်ငံနဲ့လူမျိုးအပေါ် ထိခိုက်လာနိုင်တဲ့ အတွက် ကာကွယ်တဲ့သဘောပါ
။ ကျွန်တော်တို့ ဆန္ဒကတော့ မြစ်ဆုံ ဆည်စီမံကိန်းကို ထာဝရရပ်ဆိုင်းစေချင်တယ် " ဟု ကိုရဲထွဋ်ခေါင်က ဆက်လက်ပြောဆိုခဲ့
သည်။

စတင်လမ်းလျှောက်သည့်နေ့တွင် လူအင်အား၅၀ ခန့်သာ ပါဝင်သော်လည်းလမ်းခရီးတစ်လျှောက်တွင် ပြည်သူ
များမှ ပူးပေါင်းပါဝင်
လာမည်ဖြစ်ရာမန္တလေးမြို့သို့ ရောက်ရှိချိန်တွင် လူအင်အား ၅၀၀ ခန့်ရှိလာ မည်ဖြစ်ပြီး မြစ်ကြီးနားသို့ ရောက်ရှိချိန်တွင်လူအင်အား ၃၀၀၀ မှ ၅၀၀၀ အကြားရှိလာမည်ဟု ခန့်မှန်းထားကြသည်။ 

လမ်းလျှောက်ချီတက်ရာ တွင်လည်း ရက်ပေါင်း ၇၀ ကျော် ကြာမြင့်မည်ဟုအကြမ်းဖျင်းလျာထားသော်လည်း လမ်းလျှောက်အဖွဲ့တွင်
သက်ကြီး ရွယ်အိုများနှင့် အမျိုးသမီးများပါဝင်သည့်အပြင် ရာသီဥတုအခြေအနေပေါ် မူတည်၍ ရက်ပေါင်း ၁၀၀ ကျော်ကြာမြင့်နိုင်
ကြောင်း သိရသည်။

ယင်းကဲ့သို့ မြစ်ဆုံဆည်စီမံကိန်း ရပ်ဆိုင်းရေးလမ်းလျှောက်ရာတွင် ပါဝင်သူများ၏ စားသောက်ရေးအတွက် နိုင်ငံရေးအကျဉ်းသား
ဟောင်းများက ငွေကျပ် သိန်း ၂၅၀ ခန့် မတည်လှူဒါန်းထားပြီး ယင်းခရီးစဉ်အတွက် ကျပ်သိန်း ၁၀၀၀ ခန့် ကုန်ကျမည်
ဟု ခန့်မှန်း
ထားရာ ခရိုနီများမှအပ အများပြည်သူ၏ လှူဒါန်းထောက်ပံ့မှုကို လက်ခံမည် ဟုသိရသည်။

စံတော်ချိန် , 
kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment