Pages

Pages - Menu

Tuesday, March 18, 2014

ယူကရိန်း ကရိုင်းမီးယား မဲဆန္ဒရှင် ၉၅ ရာခိုင်နှုန်းကျော် ရုရှား လက်အောက်တွင် နေရန် မဲပေးဟုဆို


RangonNewsDaily: March . 18 .2014
ရုရှားနိုင်ငံ၏ လက်အောက်တွင် နေမည်လော၊ ယူကရိန်း လက်အောက်တွင် နေမည်လော ဆုံးဖြတ်သည့် ကရိုင်းမီးယား လူထု ဆန္ဒခံယူပွဲကို အဆိုပါ ပြည်နယ်တွင် ပြုလုပ်ခဲ့ရာ မဲဆန္ဒရှင် စုစုပေါင်း၏ ၉၅ ဒသမ ၅ ရာခိုင်နူန်းက ရုရှားနိုင်ငံ၏ အစိတ်အပိုင်း တစ်ရပ်အဖြစ် ရပ်တည်မည် ဖြစ်ကြောင်း မဲပေးခဲ့ကြသည်ဟု BBC သတင်းတစ်ရပ်က ဖော်ပြထားသည်။
ကရိုင်းမီးယား ခေါင်းဆောင်က ရုရှားနိုင်ငံနှင့် ပူးပေါင်းခွင့်ကို တနင်္လာနေ့တွင် တင်ပြသွားမည်ဟု ပြောကြားခဲ့ကာ ရုရှားသမ္မတ ဗလာတီမာပူတင်က ကရိုင်းမီးယား ပြည်သူများ၏ ဆန္ဒကို လေးစားသွားမည်ဟု ပြောကြားခဲ့သည်။

ယူကရိန်း အစိုးရက ယင်းဆန္ဒ ခံယူပွဲကို အသိအမှတ် မပြုခြင်းအား ကရိုင်းမီးယား ဒေသတွင် ထောက်ခံသူ များစွာရှိပြီး ဥရောပသမဂ္ဂနှင့် အမေရိကန် ပြည်ထောင်စုတို့ကလည်း ယင်းဆန္ဒ ခံယူပွဲသည် တရားမဝင်ဟု ကြေညာထားသည်။

ဖေဖော်ဝါရီလတွင် ရုရှားဘက်ကို လိုလားသော စစ်တပ်အဖွဲ့က ကရိုင်းမီးယား ဒေသကို လက်နက်ကိုင်ပြီး ဝင်ရောက် ထိန်းချုပ်ခဲ့သည်။

လမ်းမပေါ် ဆန္ဒပြပွဲများဖြင့် ရုရှားက ထောက်ခံပေးထားသော ယူကရိန်း၏ သမ္မတ ဗစ်တာယာနူကိုဗစ်ခ်ျကို ဖြုတ်ချခဲ့ပြီးနောက် ကရိုင်းမီးယားကို ရုရှားတပ်များ ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။

အမေရိကန်သမ္မတ အိုဘားမားနှင့် ရုရှားသမ္မတ ဗလာတီမာပူတင်တို့ တယ်လီဖုန်းဖြင့် အပြန်အလှန် စကားပြောခဲ့ကြကာ ကြေညာချက်များ ထုတ်ပြန်ခဲ့သည်။

ခေါင်းဆောင်နှစ်ဦးက ကရိုင်းမီးယား ဒေသ တည်ငြိမ်စေရေးကို သဘောတူခဲ့ကြောင်း ကရင်မလင်နန်းတော်က ကြေညာခဲ့ကာ ယူကရိန်း အစိုးရအနေနှင့် အစွန်းရောက် မျိုးချစ်များ၏ အကြမ်းဖက်မှုများကို ကိုင်တွယ်ရန် ပျက်ကွက်ခဲ့သည်ဟု ရုရှားအစိုးရက ဆိုထားသည်။

အိုဘားမားက ဆန္ဒခံယူပွဲသည် တရားမဝင်ကြောင်း၊ လုံးဝ လက်ခံမည် မဟုတ်ကြောင်း ပြောကြားခဲ့သည်ဟု အိမ်ဖြူတော်က ထုတ်ပြန်ခဲ့ကာ အရှေ့ပိုင်း ယူကရိန်း ဒေသတွင် နိုင်ငံတကာ စောင့်ကြည့် လေ့လာသူများကို ကူညီပေးပါရန် ပူတင်ကို တောင်းဆိုခဲ့သည်။

ဥရောပသမဂ္ဂကလည်း မဲပေးပွဲသည် တရားမဝင်ကာ မည်သည့် ရလဒ် ထွက်လာသည် ဖြစ်စေ လက်ခံလိမ့်မည် မဟုတ်ဟု ပြောကြားခဲ့သည်။

ယနေ့ (မတ်လ ၁၇ ရက်) တွင် ဥရောပသမဂ္ဂ နိုင်ငံခြားရေး ဝန်ကြီးများ တွေ့ဆုံကြမည် ဖြစ်ပြီး ရုရှား အရာရှိများကို စီးပွားရေး ပိတ်ဆို့ အရေးယူရန် ဆုံးဖြတ်ကြမည် ဖြစ်သည်။

The Voice , kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment