Pages

Pages - Menu

Sunday, March 23, 2014

ရဲ၊ လ.ဝ.က နှင့် အကောက်ခွန်တို့ပါဝင်သော နယ်ခြားစောင့်ရဲတပ်ဖွဲ့ စတင်ဖွဲ့စည်း

RangonNewsDaily: March . 23 .2014
နယ်စပ်ဒေသများတွင် တရားမ၀င် ၀င်ရောက်လာမည့် လူပုဂ္ဂိုလ်နှင့် မှောင်ခိုပစ္စည်းများ အား ဖမ်းဆီးစစ်ဆေးရန် ပြည် ထောင်စုအစိုး
ရအဖွဲ့၏ ခွင့်ပြု ချက်အရ ရဲတပ်ဖွဲ့၊ လူဝင်မှုကြီး ကြပ်ရေးနှင့် အကောက်ခွန် စသည့် အဖွဲ့သုံးခုပါဝင်သော နယ်ခြား စောင့် ရဲတပ်ဖွဲ့
ကို စတင်ဖွဲ့စည်း လိုက်ကြောင်း မြန်မာနိုင်ငံရဲတပ် ဖွဲ့ဌာနချုပ်မှ သတင်းရရှိသည်။‘‘ဒီလထဲမှာ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ဖွဲ့ဖို့ အစိုးရ
ဆီက ဖွဲ့ စည်းပုံကျပါတယ်။ ဒါကြောင့် အမှတ် (၁) နယ်ခြားစောင့်ရဲတပ် ဖွဲ့ကို ရခိုင်ပြည်နယ် မောင်တော မှာ စတင်ဖွဲ့စည်းထား
ပါတယ်။ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဆိုတာ ကျွန်တော်တို့နဲ့ နီးစပ်တဲ့ တရုတ်၊ ဘင်္ဂလားဒေ့ရှ်စတဲ့ နိုင်ငံခြားတိုင်း ပြည်တွေမှာ အကုန်ရှိပါ
တယ်။ ကျွန်တော်တို့မှာ မရှိသေးလို့ နိုင် ငံတကာစံနှုန်းအရ အခုလိုဖွဲ့ခဲ့ တာဖြစ်ပါတယ်’’ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်မှ ဒုတိယ
ရဲမှူး ကြီး တစ်ဦးကပြောသည်။
မြန်မာနိုင်ငံတွင် ၁၉၉၀ပြည့် နှစ်က တပ်မတော်၊ လ၀ကနှင့် အကောက်ခွန်တို့ ပါဝင်သော နယ်စပ်ကွပ်ကဲရေးအဖွဲ့များ ဖွဲ့စည်း ခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် ယင်းတပ်ဖွဲ့ကို ဖျက်သိမ်းလိုက်ပြီးနောက် တပ်မတော်နေရာတွင် ရဲတပ်ဖွဲ့ ၀င်များ အစားထိုး၍ နယ်ခြား စောင့်တပ်
ဖွဲ့အဖြစ် ဖွဲ့စည်းခဲ့ သည်။

‘‘နစကကို အသွင်ပြောင်းဖွဲ့ တယ်လို့ ပြောလည်းရပါတယ်။ ဒါပေမဲ့ နိုင်ငံတကာမှာ နယ်ခြား စောင့်ရဲတပ်ဖွဲ့ဆိုတာရှိပါတယ်။ ဒီပုံစံအ

တိုင်း မြန်မာနိုင်ငံက လုပ် တာဖြစ်ပါတယ်။ နယ်စပ်တစ် လျှောက် လူ၊ ပစ္စည်းဘာမှ တရား မ၀င် မ၀င်နိုင်အောင် စောင့် ကြပ်ကာ
ကွယ်ရတာဖြစ်ပါတယ်။ ရဲမှူးချုပ်တစ်ဦးက တိုက်ရိုက် ကွပ်ကဲပါတယ်’’ဟု အဆိုပါရဲမှူး ကြီးကပြောသည်။

ယခု ဖွဲ့စည်းလိုက်သော နယ်ခြားစောင့်ရဲတပ်ဖွဲ့၏ အင် အားကို လုံခြုံရေးအရ ပြောဆို ခွင့်မရှိကြောင်း၊ ရခိုင်ပြည်နယ် သာမက အခြားပြည်ပနိုင်ငံများ နှင့် နယ်စပ်ချင်းထိစပ်နေသည့် မြန်မာနိုင်ငံ အစွန်အဖျားဒေသ များတွင် ထပ်မံနေရာချမည်ဖြစ် ကြောင်း ပြောသည်။

‘‘ကျွန်တော်တို့ကတော့ နေ ပြည်တော်ကို ပြန့်ပို့ခံလိုက်ရပြီ။ အခုလောလောဆယ် သန်းခေါင် စာရင်းအတွက် သင်တန်းတက် နေပါ

တယ်။ ဖျက်သိမ်းလိုက်တဲ့ နစကကို ဝေဖန်မှုတွေအမျိုးမျိုး ရှိခဲ့တာမှန်ပါတယ်။ ဒါပေမဲ့ လူ ပေါ်မှာပဲ မူတည်ပါတယ်။ ကျွန် တော်တို့ကို ရခိုင်ကရော၊ ဘင်္ဂါလီ ကပါ မုန်းတာခံခဲ့ရတာပါ’’ဟု ယခင်နစကတွင် တာဝန်ထမ်း ဆောင်ခဲ့သည့် ဗိုလ်မှူးတစ်ဦးက ပြောသည်။

မောင်တောရှိ နစကဌာန ချုပ် ဖျက်သိမ်းလိုက်စဉ်က တပ် ဖွဲ့ဝင် အင်အား ၃,၀၀၀ ကျော်ရှိခဲ့သည်။

7Day News  , 
kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment