Pages

Pages - Menu

Tuesday, March 4, 2014

ယာဉ် အရှိန်တိုင်း ကိရိယာ (၂၀) ကို ရန်ကုန်-မန္တလေး အမြန် လမ်းမကြီး တွင် ထပ်မံ တပ်ဆင် မည်

ဓာတ်ပုံ-AFP
RangonNewsDaily: March . 4 .2014
၂၀၁၄ ခုနှစ် မတ်လ အတွင်း ရန်ကုန်-မန္တလေး အမြန် လမ်းမ ကြီး တစ်လျှောက် တွင် ယာဉ် အရှိန် တိုင်း ကိရိယာ (Driver Feed tack sign ) အလုံး ၂၀ ထပ်မံ တပ်ဆင် သွားမည် ဖြစ် ကြောင်း ရန်ကုန်-မန္တလေး အ မြန် လမ်းမှ တာဝန် ရှိသူ ရဲမှူး နေ၀င်း က ပြော သည်။ လက်ရှိ တွင် အရှိန်နှုန်း တိုင်း တာ ကိရိယာ (၈) လုံး တပ်ဆင် ထားသော် လည်း လုံလောက် မှုမရှိ သေး၍ ယာဉ် မတော် တဆမှု များ ဖြစ်ပွား နေသော ကြောင့် ထပ် မံ တပ်ဆင် ကာ အရေးယူ ဆောင်ရွက် သွားမည် ဖြစ် ကြောင်း သိ ရသည်။ 
အမြန် လမ်းမှာ ယာဉ် မတော် တဆ မှု တွေက အမြန်နှုန်း ပိုမောင်း နေတာ တွေ ကြောင့် အများဆုံး ဖြစ်နေ တာတွေ့ ရတယ်။ ဒါကြောင့် အရှိန် တိုင်း ကိရိယာ တွေ ထပ်မံ တပ် ဆင်ပြီး အရေး ယူသွား မယ် ဟု ရန်ကုန် - မန္တလေး အမြန် လမ်း မှ ရဲမှူး နေ၀င်း က ပြော သည်။

ယင်း ကိရိယာ သည် ပေ ၂၅၀ အကွာ တွင် ယာဉ် တစ်စီး ရောက် သည် နှင့် အ ရှိန် နှုန်း ကို တိုင်းတာ ပြီး ဖော်ပြ ပေးပြီး၊ အမြန် နှုန်း ကီလို မီတာ (၁၀၀) အောက် ယာဉ်ဖြစ် ပါက အ ရှိန် နှုန်း ပြ ဂဏန်း ကို အစိမ်း ရောင် ဖြင့် ပြပြီး ကီလို မီတာ (၁၀၀) ကျော် လွန် နေ ပါက အနီ ရောင် ဖြင့်ပြသ ပေး ကြောင်း သိရသည်။

ဒီစက်တွေ တပ်ဆင်ပြီး ရင်တော့ ယာဉ် မတော် တဆ မှုတွေ လျော့ကျ သွား နိုင် တယ် ဟု ရဲမှူး က ဆိုသည်။ လက် ရှိ အရှိန်တိုင်း ကိရိ ယာ များအား အမြန် လမ်း အသွား (၅) နေရာ တွင် တပ် ဆင် ထား သလို အပြန် လမ်းတွင် (၃) နေရာ စုစု ပေါင်း (၈) နေရာ တပ်ဆင် ထား ကြောင်း သိရ သည်။ 


ယာဉ် မ တော် တဆ မှုဖြစ်ပွား လာ ပါက ရှေးဦး စွာ ကုသ နိုင်ရန် ရှေးဦး သူနာပြု စခန်း (၄) ခု ကို လည်း (၂၄) နာရီ ဖွင့်လှစ် ကာ စောင့် ရှောက် ပေးလျက် ရှိကြောင်း သိရသည်။

အဆိုပါ အမြန် လမ်းမ ကြီး စတင်ဖွင့် လှစ် ခဲ့သည့် ၂၀၀၉ ခုနှစ် မှ ၂၀၁၃ ခုနှစ် နှစ် ကုန် အထိ ယာဉ် မ တော် တဆမှု (၆၀၀) ကျော် တွင် သေဆုံးသူ (၃၀၀) နီးပါး နှင့် ဒဏ်ရာ ရရှိသူ (၈၀၀) ကျော် ရှိကြောင်း သိရ သည်။

Messenger News , 
kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment