Pages

Pages - Menu

Saturday, March 22, 2014

ဆိုင်ကယ်နှင့် ကုန်ကားတိုက်မိ၍ စာမေးပွဲဖြေပြီး ပြန်လာသော ကျောင်းသား အပါအဝင် နှစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ

RangonNewsDaily: March . 22 .2014
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ် ကျွဲပွဲကျေးရွာ ရန်ကုန်-မန္တလေးလမ်းဟောင်း မိုင်တိုင်အမှတ် ၁၅၅/၀ နှင့် ၁၅၅/၁ အကြား ကျောက်တိုင် ကျေးရွာလမ်းခွဲတွင် မတ်လ ၁၉ ရက် မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်ခန့်က တက္ကသိုလ်ဝင်တန်း ဖြေဆိုပြီး ပြန်လာသည့် ကျောင်းသား စီးလာသော မော်တော်ဆိုင်ကယ်နှင့် ကြက်သွန်နီအိတ်များ သယ်ဆောင်ထားသည့် ကုန်တင်ယာဉ် တစ်စီးတို့ တိုက်မိ၍ ဆိုင်ကယ်မောင်းသူနှင့် နောက်က လိုက်ပါလာသူတစ်ဦး သေဆုံးကာ တစ်ဦးဒဏ်ရာ ရရှိမှုတစ်ခု ဖြစ်ခဲ့ကြောင်း ကျွဲပွဲမြို့ ဒေသခံများက ပြောကြားသည်။
ကျွဲပွဲမြို့နယ် မင်းဂံရိုးကျေးရွာနေ အသက် ၁၉ နှစ်အရွယ်ရှိ စာကူညီ ကျက်ပေးသူ (Guide) အောင်အောင် မောင်းနှင်ပြီး ကျွဲပွဲမြို့ အခြေခံပညာ အထက်တန်းကျောင်းတွင် တက္ကသိုလ်ဝင်တန်း ဖြေဆိုပြီး ပြန်လာသည့် အသက် ၁၉ နှစ်အရွယ် သန့်ဇင်ဝေ၊ အသက် ၁၈ နှစ်အရွယ် မျိုးကိုတို့ လိုက်ပါလာသော ကန်ဘို အမျိုးအစား မော်တော်ဆိုင်ကယ်နှင့် အဆိုပါ လမ်းအတိုင်း မျက်နှာချင်းဆိုင်ဘက်မှ အသက် ၄၇ နှစ်အရွယ် ဦးမြင့်ဇော် မြင်းခြံမြို့နေသူ မောင်းနှင်လာသည့် ယာဉ်အမှတ် ၇ဃ/၇၀၃၉ ဟီးနိုးအဖြူရောင် ၁၂ ဘီးယာဉ်တို့ မျက်နှာချင်းဆိုင် တိုက်မိခဲ့ခြင်း ဖြစ်ကြောင်း ကျွဲပွဲနယ်မြေရဲစခန်း၏ ကနဦး စစ်ဆေးချက်များအရ သိရှိရသည်။

ယင်းဖြစ်စဉ်ကြောင့် ဆိုင်ကယ် မောင်းနှင်သူ အောင်အောင်သည် ဦးခေါင်းပေါက်ပြဲ ဒဏ်ရာများနှင့် အခင်းဖြစ်ပွားသည့် နေရာတွင် သေဆုံးပြီး နောက်ကလိုက်ပါလာသူ နှစ်ဦးကို တောင်ငူ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင် ခဲ့သော်လည်း ဆေးရုံ၌ သန့်ဇင်ဝေ သေဆုံးခဲ့သည်ဟု ၎င်း၏ အစ်မဝမ်းကွဲ တော်စပ်သူ ဒေါ်ယဉ်ယဉ်အေးက ပြောကြားသည်။

“ကလေးတွေက စာမေးပွဲဖြေပြီး အပြန်မှာ ဖြစ်သွားတာပါ။ မောင်လေးက တောင်ငူဆေးရုံကို နေ့လယ် ၂ နာရီလောက် ရောက်ပြီး မကြာခင် ဆုံးသွားတယ်။ ဆိုင်ကယ်မောင်းတဲ့ ကလေးကတော့ ဖြစ်တဲ့နေရာမှာ ပွဲချင်းပြီးပါပဲ” ဟု ၎င်းကဆိုသည်။

အဆိုပါ ယာဉ်တိုက်မှုနှင့် ပတ်သက်၍ ကျွဲပွဲ နယ်မြေရဲစခန်းက တရားလို ပြုလုပ်ကာ ယာဉ်ကို မဆင်မခြင် မောင်းနှင်သူ ယာဉ်မောင်း မြင့်ကျော် မြင်းခြံ မြို့နယ်နေသူကို ယာဉ် (ပ)၈/၂၀၁၄၊ ပြစ်မှု ပုဒ်မ ၃၀၄(က)/၃၃၇/၃၃၈ အရ အမှုဖွင့် အရေးယူထားကြောင်း ကျွဲပွဲမြို့ နယ်မြေရဲစခန်းမှ စုံစမ်းသိရှိရသည်။

The Voice , kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment