Pages

Pages - Menu

Saturday, March 22, 2014

ထိပ်တန်းအဆင့်မရှိတော့တဲ့ စီးရီးအေအတွက် ဖြေဆေး(သို့မဟုတ်) ဒိုင်လူကြီး တမ်ဘီနီ


RangonNewsDaily: March . 22 .2014
အေစီမီလန်၊ အင်တာမီလန်တို့လို အသင်းကြီးတွေ အင်အားနည်းပါးခဲ့တာကြောင့် ဂျူဗင်တပ်တစ်သင်းပဲ ချယ်လှယ်နေတဲ့ စီးရီးအေပြိုင်ပွဲဟာ လုပ်ပွဲအရှုပ်တော်ပုံ၊ လူမျိုးရေးခွဲခြားမှု၊ ပရိသတ်နည်းပါးမှုတွေနဲ့အတူ ပြီးခဲ့တဲ့ နှစ်ပိုင်းအတွင်း ကမ္ဘာ့ထိပ်တန်း လိဂ်ပြိုင်ပွဲအဆင့်က လျောကျခဲ့ပါတယ်။
ဒီအတွက် ဘွန်ဒက်စ်လီဂါက စီးရီးအေနေရာကို လွှဲပြောင်းရယူခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့် (၄)နေရာအထိ ရသွားခဲ့တာပါ။ ဒါပေမဲ့ မကြာမီကာလအတွင်း လူတွေပိုစိတ်ဝင်စားလာမယ့် အကြောင်းအရာရှိနေပါတယ်။

ဒါကတော့ အသက် (၂၅)နှစ်အရွယ် မော်ဒယ် တမ်ဘီနီက စီးရီးအေမှာ ဒိုင်အဖြစ် ဆောင်ရွက်ဖို့ ရှိနေတာကြောင့်ပါပဲ။ အချိန်ပိုင်းမော်ဒယ် တမ်ဘီနီဟာ အီတလီ အောက်တန်းလိဂ်ပြိုင်ပွဲတွေမှာ ဒိုင်အဖြစ် ဆောင်ရွက်နေသူဖြစ်ပြီး မကြာမီ အချိန်အတွင်း စီးရီးဘီမှာ တာဝန်ယူဖို့ ရှိနေတယ်လို့ သိရပါတယ်။

 ထိပ်တန်းလိဂ် ပြိုင်ပွဲတွေမှာ အမျိုးသမီးဒိုင်လူကြီး အရေအတွက် နည်းပါးနေပြီး ပရီးမီးယားလိဂ်မှာ ဆိုရင်လည်း စတုတ္ထဒိုင် ဆီယန်မက်ဆေက တစ်ဦးတည်းသော အမျိုးသမီးဒိုင်လူကြီးပါ။ 

အကောင်းဆုံး အသက်အရွယ်မှာ ဖူးသစ်စ အလှတွေနဲ့ လှသွေးကြွယ်နေတဲ့ တမ်ဘီနီကို စီးရီးအေဒိုင်လူကြီးအဖြစ် မြင်တွေ့လိုသူတွေကတော့ အခုကတည်းက မျှော်တလင့်လင့်ဖြစ်နေပါပြီ။

ရိုးရာလေး , 
kolatt(PBDN)
RangonNewsDaily



No comments:

Post a Comment