Pages

Pages - Menu

Friday, March 14, 2014

စီးပွားရေးလုပ်ငန်ရှင် ဦးတေဇ ပြေးခုန်ပစ်အဖွဲ့ချုပ် ဥက္ကဋ္ဌရာထူးမှ နုတ်ထွက်မည်


RangonNewsDaily: March . 14 .2014
စီးပွားရေး လုပ်ငန်ရှင် ဦးတေဇသည် ဆယ်စုနှစ်တစ်ခုနီးပါး တာဝန်ယူထားသည့် မြန်မာနိုင်ငံ ပြေးခုန်ပစ် အဖွဲ့ချုပ် ဥက္ကဋ္ဌရာထူးမှ နုတ်ထွက်ခွင့်ပြုရန် စာတင်ထားကြောင်း အားကစားဝန်ကြီးဌာန လူထုပညာဌာန (ရန်ကုန်) ၏ လက်ထောက် ညွန်ကြားရေးမှူး ဒေါ်ဥမ္မာက အတည်ပြု ပြောကြားသည်။
ယင်းနုတ်ထွက်စာကို ယခုနှစ် နှစ်ဆန်းပိုင်းကပင် အားကစားဝန်ကြီးဌာနသို့ ပေးပို့ခဲ့ခြင်းဖြစ်ရာ လက်ရှိ အချိန်အထိ အားကစားဝန်ကြီးက နုတ်ထွက်ခွင့် ပေးမည်၊ မပေးမည်ကို စောင့်ဆိုင်းလျက် ရှိသည်ဟု ၎င်းကဆိုသည်။

ပြေးခုန်ပစ် ဥက္ကဋ္ဌ ယူထားသည့် ဦးတေဇသည် စီးပွားရေးလုပ်ငန်များ လုပ်ဆောင်ရသည့်အပြင် အသက်အရွယ်နှင့် ကျန်းမာရေးအရ နုတ်ထွက်စာ တင်ထားခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ ပြေးခုန်ပစ် အဖွဲ့ချုပ် အတွင်းရေးမှူး ဦးမြသန်းထိုက်က ပြောကြားသည်။

မြန်မာနိုင်ငံ ကျောက်မျက် လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌလည်းဖြစ်သူ ဦးတေဇသည် ၂၀၀၄ ခုနှစ်မှစတင်၍ မြန်မာနိုင်ငံ ပြေးခုန်ပစ် အဖွဲ့ချုပ် ဥက္ကဋ္ဌတာဝန်ကို စတင်ယူခဲ့ပြီး နိုင်ငံတကာ ပြိုင်ပွဲများမှ ရွှေတံဆပ်ခြောက်ခု၊ (၂၇) ကြိမ်မြောက် SEA Games ပြိုင်ပွဲမှ ရွှေတံဆိပ် ၂ ခုရရှိအောင် လက်ရွေးစင် ကစားသမားများကို ထောက်ပံ့ပေးခဲ့သူ ဖြစ်သည်။

(၂၇) ကြိမ်မြောက် SEA Games ပြိုင်ပွဲနောက်ပိုင်း စီးပွားရေး လုပ်ငန်းရှင်ကြီးများ ဖြစ်သည့် ဒေါက်တာ စိုင်းဆမ်ထွန်းက မြန်မာနိုင်ငံ ဝူရှူးအဖွဲ့ချုပ် ဥက္ကဋ္ဌရာထူးက လည်းကောင်း၊ ဧဒင်ဦးချစ်ခိုင်က မြန်မာနိုင်ငံ လှေလှော် အဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံ ပိုက်ကျော်ခြင်း အဖွဲ့ချုပ် ဥက္ကဋ္ဌ ရာထူးတို့မှ လည်းကောင်း နုတ်ထွက်ခွင့်ပြုရန် အားကစား ဝန်ကြီးဌာနသို့ နုတ်ထွက်စာ အသီးသီး တင်ခဲ့ကြပြီးနောက် တတိယမြောက်အဖြစ် ဦးတေဇက နုတ်ထွက်စာ တင်ခဲ့ခြင်း ဖြစ်ကြောင်း အားကစားဝန်ကြီးဌာနမှ သိရသည်။

The Voice  , kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment