Pages

Pages - Menu

Monday, March 17, 2014

ဒုတိယမြောက် တစ်ကိုယ်တော်အခွေကို ဒီနှစ်ထဲမှာ ထွက်နိုင်အောင် ကြိုးစားသွားမယိုတဲ့ အဆိုတော် အိုင်းရင်းဇင်မာမြင့်


RangonNewsDaily: March . 17 .2014
Melody World ကနေတစ်ဆင့် အနုပညာလောကထဲကို ၀င်ရောက်လာခဲ့ပြီး နှလုံးသားအရင်းအနှီး ဆိုတဲ့သီချင်းနဲ့ ပရိသတ်တွေရဲ့ အားပေးထောက်ခံမှုကို ရရှိခဲ့တဲ့ အိုင်းရင်းဇင်မာမြင့် ကို လတ်တလော အနုပညာလူပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး မေးမြန်းဖြစ်တဲ့အခါ ‘အိုင်းရင်းအခု လတ်တလောမှာတော့ ရှိုးပွဲတွေပဲ ဆက်တိုက်ဆိုဖြစ်နေပါတယ်။ ခရီးသွားနေရတာ များပါတယ်။
သံဖြူဇရပ်၊ မန္တလေး၊ လမိုင်းတို့ သွားဖို့ရှိပါတယ်။ ဖျော်ဖြေရေး သက်သက်နဲ့ပဲသွားမှာပါ။ အိုင်းရင်းရဲ့ ယိမ်းလိုက်အခွေ ထွက်ပြီးသွားတဲ့နောက် ဒုတိယမြောက်တစ်ကိုယ်တော် အခွေကိုလည်း ဒီနှစ်ထဲမှာပဲ ထွက်ဖြစ် နိုင်အောင်လို့ ကြိုးစားသွားမယ်။

 လောလောဆယ်မှာ ဒုတိယအခွေအတွက် အချိန် မပေးနိုင်သေးပဲ ရှိုးပွဲတွေကိုပဲ ဦးစားပေးပြီးဖျော်ဖြေဖြစ်နေလို့ပါ။ 

အိုင်းရင်းရဲ့ ဒုတိယအခွေမှာ ဘယ်လို ဂီတအမျိုးအစားပုံစံ တွေပါမယ်ဆိုတာတော့ ကြိုမပြောချင်သေးပါဘူး။ အခွေထွက်လာမှပဲ နားထောင်ကြည့်စေချင်ပါတယ်။’လို့ သူမက ပြောပါတယ်။

Trend Myanmar , 
kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment