Pages

Pages - Menu

Sunday, March 30, 2014

သပိတ်မှောက်မှုရှိနေသော်လည်း စစ်တွေရှိ ဘင်္ဂါလီရွာအချို့ သန်းခေါင်စာရင်းထည့်ရန် ပြင်ဆင်

RangonNewsDaily: March . 30 .2014
မြန်မာတစ်နိုင်ငံလုံး မတ်လ ၃၀ ရက်(ယနေ့)စကောက်မည်ဖြစ်သည့် သန်းခေါင်စာရင်းကောက်ယူမှုကို ရခိုင်မြို့ကြီးများက သပိတ်မှောက်မှုများရှိနေခဲ့ပြီး တစ်ဖက်တွင်လည်း စစ်တွေမြို့နယ်ရှိ ဘဂါလီကျေရွာအချို့နှင့် ဘင်္ဂါလီဒုက္ခသည်စခန်းအချို့တွင် သန်းခေါင်စာရင်းကောက်ယူမှုကို စောင့်ဆိုင်းနေကြသည်။ 
ဘင်္ဂါလီကျေးရွာတစ်ခုဖြစ်သည့် ဘုမေကျေးရွာမှ အသက်သုံးဆယ်ခန့်ရှိဒေသခံတစ်ဦးက “ကျွန်တော်တို့ကေ တာ့ သန်းခေါင်စာရင်းလာကောက်ရင် ရိုဟင်ဂျာလို့ ထည့်မှာပဲ” ဟုဆိုသည်။

အဆိုပါ ဘုမေကျေးရွာတွင် သန်းခေါင်စာရင်းကောက်ယူရာတွင် ကူညီရန်ပြောထားသည်ဟုဆိုကာ ဘင်္ဂါလီစကားပြန်အချို့နှင့် ဘင်္ဂါလီခေါင်းဆောင်အချို့သည် သန်းခေါင်စာရင်းအဖွဲ့မှ ပေးထားသည့် အင်္ကျီများဝတ်ဆင်ကာ စောင့်ဆိုင်းနေကြသည်။
::
စစ်တွေအနီးပတ်ဝန်းကျင်ရှိ ဘင်္ဂါလီကျေးရွာများနှင့် ဘင်္ဂါလီဒုက္ခသည်စခန်းများတွင် နံနက် ၇ နာရီတွင် သန်းခေါင်းစာရင်းကောက်မည်ဟုဆိုကာ စောင့်ဆိုင်းနေကြသော်လည်း ထိုနေရာသို့ ရောက်ရှိနေသည့် မဇ္ဈိမအယ် ဒီတာ နောက်ဆုံးသတင်းပေးပို့ချိန်(နံနက် ၁၀နာရီ ၃၀မိနစ်) ထိ ကောက်ယူခြင်းမရှိသေးပေ။

သန်းခေါင်စာရင်းကောက်ယူမှုကို သပိတ်မှောက်နေခြင်းများနှင့် ပတ်သက်၍ ဝန်ကြီးဦးခင်ရီက မတ်လ ၂၉ရက်တွင် ရခိုင်ရပ်မိရပ်ဖများနှင့် ဆွေးနွေးခဲ့သော်လည်း ညှိနှိုင်းမှု အထမမြောက်ခဲ့ပေ။

Mizzima - News ::--kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment