Pages

Pages - Menu

Saturday, March 15, 2014

ရေနံတင်သင်္ဘောကို တိုက်ခိုက်ပါက စစ်ဖြစ်မည်ဟု လစ်ဗျားသူပုန်များ သတိပေး

RangonNewsDaily: March . 15 .2014
သူပုန်များထိန်းချုပ်ထားသည့် ဆိပ်ကမ်းတစ်ခုတွင် တရား မဝင်ရေနံများ တင်ဆောင်ထားသော မြောက်ကိုရီးယားသင်္ဘော တစ်စင်းသည် ဆိပ်ကမ်းမှထွက်ခွာရန် ကြိုးပမ်းမှုကို လစ်ဗျား ရေတပ်အစိုးရမှ မတ် ၁ဝ ရက်က ဟန့်တားခဲ့ကြောင်း သိရ သည်။
ES sider အမည်ရှိ သင်္ဘောဆိပ်ကမ်းတွင် မတ် ၈ ရက် က ကမ်းကပ်ထားသော မြောက်ကိုရီးယားသင်္ဘောကို လစ်ဗျား သူပုန်များမှ ရေနံများ တရားမဝင် ရောင်းချခဲ့ကြောင်း သိရ သည်။
မြောက်ကိုရီးယား Morning Glory သင်္ဘောပေါ် တွင် အမေရိကန်ဒေါ်လာ ၃၆ သန်းခန့် တန်ဖိုးရှိသော တရား မဝင်ရေနံစိမ်းများ တင်ဆောင်ထားပြီး ဆိပ်ကမ်းမှထွက်ခွာ ရန် ကြိုးပမ်းနေကြောင်း သတင်းရင်းမြစ်များအရ သိရသည်။

လစ်ဗျားဝန်ကြီးချုပ် Ali Zeidan သည် ¤င်းသင်္ဘော အနေဖြင့် ဆိပ်ကမ်းမှထွက်ခွာရန် ကြိုးပမ်းပါက ဗုံးဖြင့်တိုက် ခိုက်သွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ တစ်ဆက်တည်း မှာပင် ယင်းသင်္ဘော ထွက်ခွာမသွားနိုင်ရန် လစ်ဗျားရေတပ် သင်္ဘောများကို တပ်ဖြန့်ထားကြောင်း သက်ဆိုင်ရာအာဏာ ပိုင်များမှ ဖြေကြားခဲ့သည်။

လစ်ဗျားသူပုန်များက ¤င်းတို့၏ ရေနံတင်သင်္ဘောကို လစ်ဗျားရေတပ်က တိုက်ခိုက်မည်ဆိုလျှင် တရားဝင် စစ်ကြေ ညာသည့်သဘော အသွင်သဏ္ဍာန်ဆောင်သည်ဟု လစ်ဗျား သူပုန်များမှ ပြောကြားလိုက်ကြောင်း ရိုက်တာသတင်းဌာနက ရေးသားဖော်ပြခဲ့သည်။


Ref: Reuters
Yangon Media , 
kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment