Pages

Pages - Menu

Tuesday, March 4, 2014

ယာဉ်မောင်းလိုင်စင်သက်တမ်းတိုးရန် နေရာသစ် အဖြစ် ရန်ကုန်ဘူတာကြီးနှင့် ရွာသာကြီး ကညနတွင် ထပ်မံဖွင့်လှစ်


RangonNewsDaily: March . 4 .2014
ယာဉ်မောင်းလိုင်စင်သက်တမ်းတိုးရန် နေရာသစ်များအဖြစ်ရန်ကုန်ဘူတာကြီးနှင့် ရွာသာကြီး ကညနတွင် ယနေ့ထပ်မံဖွင့်လှစ်ပေးကြောင်းကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှသိရသည်။
ယခင်က ရန်ကုန်တိုင်းဒေသကြီးတွင် ပါဝင်သောမြို့နယ်များကို (၁) ခရိုင်ရုံး(ရန်ကုန်အနောက်ပိုင်း၊မြင်သာ) (၂) ခရိုင်ရုံး(ရန်ကုန်အရှေ့ပိုင်း၊ဒဂုံတောင်ရုံး) (၃) ခရိုင်ရုံး(ရန်ကုန်တောင်ပိုင်း၊သန်လျင်) (၄)ခရိုင်ရုံး(ရန်ကုန်မြောက်ပိုင်း၊အင်းစိန်) တွင်သာ ယာဉ်မောင်းလိုင်စင်များကို သက်တမ်းတိုး ဆောင်ရွက်ပေး နိုင်ခဲ့သည်။

ယာဉ်မောင်းလိုင်စင် သက်တမ်းတိုးခြင်းကို မတ်၎ ရက်နေ့မှ စတင်၍ ရန်ကုန်ဘူတာကြီးတွင် လမ်းမတော်၊ လသာ၊ ပန်းဘဲတန်း၊ ကျောက်တံတား၊ ဒဂုံ၊ ဗဟန်း၊ ဆိပ်ကမ်း၊ ပုဇွန်တောင်၊ ဗိုလ်တထောင်၊ မင်္ဂလာတောင်ညွန့်၊ တာမွေမြို့နယ် များအား လည်းကောင်း၊ ရွာသာကြီး(ကညန)ရုံးတွင် တောင်ဒဂုံ၊ မြောက်ဒဂုံ၊ အရှေ့(ဒဂုံ) အစရှိသည့် မြို့နယ်များမှယာဉ်မောင်း လိုင်စင်များအားလည်းကောင်း ရုံးချိန်အတွင်းလာရောက် သက်တမ်းတိုးဆောင်ရွက် နိုင်ပါကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှသိရသည်။

မူလရုံးများတွင်လည်း သက်တမ်းတိုးလိုပါက တိုးနိုင်ရန်လည်း စီစဉ်ထားရှိကြောင်းသိရသည်။

နောင်တွင် အလွယ်တကူဆောင်ရွက်နိုင်မည့် နေရာများကိုဆက်လက်၍
ဖွင့်လှစ်ပေးနိုင်ရန် ကြိုးပမ်းသွားမည်ဖြစ်ပါကြောင်း သိရသည်။

Popular Myanmar , 
kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment