Pages

Pages - Menu

Tuesday, March 4, 2014

ဗဟန်းမြို့နယ် ဆရာစံ (မြောက်/အနောက်) ရပ်ကွက်၌ အဆောက်အအုံဆောက်လုပ်ရန် ညဘက်မြေကြီးတူးစဉ် ကပ်လျက်လူနေအိမ်တစ်ခြမ်း ပြိုကျ


RangonNewsDaily: March . 4 .2014
ဗဟန်းမြို့နယ် ဆရာစံ (မြောက်/အနောက်) ရပ်ကွက် ဆရာစံလမ်းသွယ် (မင်းလမ်းမှတ်တိုင်အနီး) တွင် ရတနာမြိုင် ဆောက်လုပ်ရေးမှ အဆောက်အအုံ ဆောက်လုပ်ရန် မြေကြီးတူးစဉ် ကပ်လျက်လူနေအိမ်တစ်ခြမ်း ပြိုကျပြီး ကျန်လူနေအိမ် ငါးလုံး၏ နောက်ဖေးအခြမ်းမှာ ဆက်လက်ပြိုကျရန် အခြေအနေရှိနေကြောင်း သိရသည်။

အဆိုပါ နောက်ဖေးတစ်ခြမ်း ပြိုကျသွားသည့် နေအိမ်ပိုင်ရှင် ဦးခင်ဇော်က "လူသေသွားရင် ဘယ်လိုလုပ်မလဲ။ ည ၁၂ နာရီလောက်မှာ အသံတွေမြည်လာလို့ အိမ်ကလူတွေကို ထပြေးခိုင်းရတယ်။ ညဘက်လည်း မရှောင်ဘူး။ လူနေရပ်ကွက်ထဲမှာ မြေကြီးတူးနေကြတာပါ။ တာဝန်ရှိသူတွေက ဘယ်လိုအရေးယူ ဆောင်ရွက်ပေးကြမှာလဲ။ ဆက်မလုပ်တော့တာ အကောင်းဆုံးပါပဲ။ ခွင့်ပြုချက်ယူထားတဲ့ ဆိုင်းဘုတ်တွေ စိုက်ထားတာလည်း မရှိဘူး" ဟု ပြောကြားသည်။
ဗဟန်းမြို့နယ် မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးခင်မောင်ကြည်က "တာဝန်ရှိသူတွေက တာဝန်ယူပြီး ရှင်းပေးသွားမယ်။ မရှင်းပေးရင် အဆင်ပြေအောင် လုပ်မပေးရင် အရေးယူသွားပါမယ်" ဟု ရပ်ကွက်နြေ ပည်သူများကို ပြောကြားသွားသည်။
အလားတူ "ဒီဆောက်လုပ်ခွင့်ပါမစ်ကို မြို့တော်စည်ပင်က ခွင့်ပြုတာပါ။ ကျွန်တော်လည်း အသေးစိတ် မသိရှိသေးဘူး။ လက်ရှိဆောက်လုပ်နေတဲ့ ဆိုက်တာဝန်ခံကို မေးနေတုန်း ဖြစ်ပါတယ်" ဟု ဗဟန်းမြို့နယ် စည်ပင်သာယာ အုပ်ချုပ်ရေးမှူးက ဆိုသည်။
လက်ရှိတွင် ဆောက်လုပ်ရန် မြေကြီးတူးနေဆဲ လုပ်ငန်းခွင်နှင့် ကပ်လျက်နေထိုင် နေသူများသည် ၎င်းတို့၏အိမ်များတွင် မနေထိုင်ရဲတော့ဘဲ အိမ်တွင်းရှိပစ္စည်းများကို သယ်ထုတ်နေကြကြောင်း မတ် ၄ ရက် နံနက် ၂ နာရီခန့်က သိရသည်။
Eleven Media , kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment