Pages

Pages - Menu

Friday, March 28, 2014

ယာဉ်မောင်းလိုင်စင်သက်တမ်း တိုးခြင်းပြုလုပ်သူများ အောင်မင်္ဂလာတွင်တိုးနိုင်ပြီ

RangonNewsDaily: March . 28 .2014
ယာဉ်မောင်းလိုင်စင်သက်တမ်း တိုးခြင်းပြုလုပ်သူများ အလုပ်အကိုင် မပျက်လုပ်ဆောင်နိုင်စေရန် အောင် မင်္ဂလာအဝေးပြေးဝင်းရှိ ပို့ဆောင် ရေးစီမံကိန်းဦးစီးဌာန (ပို့/ဆက်) အောင်မင်္ဂလာရုံးခွဲတွင် လာရောက် ပြုလုပ်နိုင်ကြောင်း သိရသည်။
ယခုကဲ့သို့ သက်တမ်းတိုးခြင်း ကို ယခုလ ၂ဝရက်တွင် စတင်ပြု လုပ်ပေးခြင်းဖြစ်ပြီး သက်တမ်းတိုး မည့်သူများ အဆင်ပြေစေရန် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။
ယာဉ်မောင်းလိုင်စင်သက်တမ်း တိုးမည့်သူများအနေဖြင့် ဓာတ်ပုံ တစ်ပုံ၊ယာဉ်မောင်းလိုင်စင်မူရင်းနှင့် မိတ္တူပါရှိရမည်ဖြစ်ပြီး ကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (မြင်သာ)ရုံးတွင်လိုင်စင်သက်တမ်း တိုးခြင်း လာရောက်ပြုလုပ်သူဦးရေ တစ်ရက်လျှင် ၃၅ဝမှ ၄ဝဝဝန်း ကျင်အထိရှိကြောင်းသိရသည်။

ယာဉ်မောင်းလိုင်စင်သက်တမ်း တိုးခြင်းကို ရန်ကုန်ဘူတာကြီး၊ ရွာသာကြီးနှင့်အောင်မင်္ဂလာအဝေး ပြေးဝင်းအတွင်း၌တိုးချဲ့လုပ်ဆောင် ပေးလျက်ရှိပြီး ခရိုင်ရုံးများအနေ ဖြင့် အရှေ့ပိုင်းခရိုင်၊ အနောက်ပိုင်း ခရိုင်၊ တောင်ပိုင်းခရိုင်၊ မြောက် ပိုင်းခရိုင်စသည့် ခရိုင်လေးခုတွင် လာရောက်ပြုလုပ်နိုင်ကြောင်း သိရ သည်။

The Union Daily , kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment