Pages

Pages - Menu

Tuesday, March 4, 2014

မကွေးမြို့အပန်းဖြေရာကမ်းနားလမ်းတွင်ညအချိန်ဆိုင်ကယ်ပျောက်ဆုံးမှုများမကြာခဏဖြစ်ပွားနေ

RangonNewsDaily: March . 4 .2014
မြန်မာနိုင်ငံတွင် တတိယမြောက် ဆေးတက္ကသိုလ်ရှိ မကွေးမြို့တွင် ညအချိန် ကျောင်းသားအများစု နှင့် မြို့ခံများအပန်းဖြေရာ ကမ်းနားလမ်းတွင် မော်တော်ဆိုင်ကယ်ပျောက်ဆုံးမှု များမကြာခဏ ဖြစ်ပွားနေကြောင်း မကွေးမြို့တွင် နေ့ကျောင်းတက်ရောက်နေသော ကိုအောင်ကျော်လင်းက မတ်လ၄ရက်နေ့တွင် ပြောကြားသည်။
“ကျောင်းသားအများစုက အဆောင်နေကြပါတယ်ညနေခင်းသောင်ပြင်တွေကို ဆင်းပြီး အပန်းဖြေကြပါတယ်ဆိုင်ကယ်တွေကို ကမ်းနားလမ်းမှာ ရပ်ထားရတော့ ကျောင်းသားဆိုင်ကယ်တွေက မကြာခဏပျောက်ဆုံးနေပါတယ်”ဟု ပြောဆိုပါသည်။

အသုံးပြုပြီးမော်တော်ဆိုင်ကယ် တစ်စီးလျင် ငွေကျပ် ၃သိန်းမှ ၃သိန်း၅သောင်း ၀န်းကျင်ဈေးပေါက်ဈေးရှိပြီး မကွေးမြို့တွင် ဆေးတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊ ပညာရေးကောလိပ်၊ အခြေခံကျန်းမာရေး တက္ကသိုလ်၊၀ိဇ္ဇာသိပ္ပံတက္ကသိုလ်များတည်ရှိပြီး အဆိုပါတက္ကသိုလ်များသို့ မကွေးတိုင်းဒေသကြီးမှ ကျောင်းသားများနှင့်
ဆေးတက္ကသိုလ်သို့မြန်မာနိုင်ငံ အရပ်ရပ်မှကျောင်းသားများ တက်ရောက်ပညာသင်ကြားနေကြောင်းလည်း သိရသည်။

ဘကြီးအောင်(မကွေး)
မြန်မာ့ခေတ် , 
kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment