Pages

Pages - Menu

Monday, March 31, 2014

ရခိုင်အမျိုးသမီးပြောပြတဲ့ ရခိုင်အမျိုးသားများအကြောင်း

RangonNewsDaily: March . 31 .2014
ဒီနေ့မနက်ပိုင်းက ကျွန်တော့ကျူရှင်ကို အမေတစ်ယောက်က သူ့သားကိုကျူရှင်လာအပ်တယ်။ စကား
အနည်းငယ် ဝဲတဲ့အတွက် မေးကြည့်တော့ရခိုင်လူမျိုးစစ်စစ်ပါတဲ့။စကားပြောကြရင်း ရခိုင်ပြည်နယ်ရဲ့မငြိမ်
မသက်မှုတွေ အကြောင်းရောက်သွားတော့ သူ့အမြင်ကိုအတော်လေး ပွင့်ပွင့်လင်းလင်းပြောပြတယ်။

"...... ပြောရရင်တော့ ကိုယ့်ပေါင်ကိုယ်လှန်ထောင်းသလို ဖြစ်မယ် ဆရာရေ့။ရခိုင်ယောက်ျား(၁၀၀)မှာ
(၉၀)လောက်က အပျင်းနဲ့ အဖျင်းတွေ။လုပ်မစားချင်ကြဘူးဆရာရေ့။ ယောက်ျားလူပျိုက မိဘဆီက လက်
ဝါးဖြန့်မယ်။အိမ်ထောင်သည်က မိန်းမဆီက ပိုက်ဆံတောင်းသုံးမယ်။

အကောင်တွေကအလုပ်သာ မလုပ်ချင်တာ အရက်ကတော့ သောက်သလား မပြောနဲ့။ကျွန်မတို့ ရခိုင်မှာ
လဘက်ရည်ဆိုင်၊ ကွမ်းယာဆိုင်ထက် အရက်ဆိုင်ကပိုပေါတယ်။ ညနေဘက်ဆိုရင် အရက်ဆိုင်မှာ အရွယ်
စုံပဲ။

ကျွန်မတို့ ရခိုင်မှာကစက်ရုံတွေမရှိတော့ ပညာတတ်တတ်၊ မတတ်တတ် ဈေးရောင်းချင်ရောင်းဒါမှမဟုတ်
 ကျပန်းဘောက် လိုက်လုပ်ရတယ်။ ဘောက်အလုပ်က ပင်ပန်းတော့ဘယ်အကောင်မှ မလုပ်ကြဘူး။ ရခိုင်
သားက မလုပ်တော့ ဘင်္ဂါလီတွေကဝင်လုပ်ကြတာပေါ့။

သူတို့က ကြိုးစားတယ်။ အပင်ပန်းခံနိုင်တယ်။အရက်မသောက်ဘူး။ အဲဒီတော့ သူတို့က ချမ်းသာတယ်။
အဆင်းရဲဆုံး ဘင်္ဂါလီက အကြွေးကင်းပြီး စားနိုင်သောက်နိုင်တယ်။စုမိဆောင်းမိပြီး အထုပ်ရှိတယ်ဆရာ။

ရခိုင်မှာ အလုပ်ကြိုးစားတဲ့ယောက်ျားဆိုရင် ဘင်္ဂါလီ။ ခေါင်းပေါ်ဈေးတောင်းရွက်နေတဲ့မိန်းမဆိုရင် မေးမနေ
နဲ့ဆရာ၊ အဲဒါ အရက်သမားမယား ရခိုင်မပဲ။

အဲဒီလောက် ဆင်းရဲချမ်းသာ ကွာဟနေတော့ ရခိုင်သားတွေကဘင်္ဂလီတွေကို မကျေနပ်ကြတော့ဘူး။
 ပြဿနာအခြေခံက အဲဒါပဲဆရာရေ့။

အခုတော့ ရခိုင်သားတွေ အလုပ်လုပ်နေကြပြီ ဆရာ။ ဆန္ဒပြတဲ့အလုပ်လေ။နေ့တွက် ပိုက်ဆံရတယ်ပြော
တယ်။ ဒါတောင် ဆန္ဒပြတဲ့အုပ်စုကိုကြည့်ရင်မိန်းမက အများစုပဲ။ အခုလဲ နိုင်ငံခြားသားရုံးတွေကို ဖျက်ဆီး
တယ်ပြောတယ်။

အဲဒါလဲ ပိုက်ဆံရလို့ လုပ်ရတာဆရာ။ စားဖို့ အနိုင်နိုင် ရခိုင်သားတွေဘဝကသနားစရာတော့ကောင်း
တယ်။ ကျွန်မတောင် သူ့အဖေနဲ့ ညားလို့ဈေးတောင်းခေါင်းပေါ် မရွက်ရတာ။

ဒါတောင်မှ အောက်သားကို ယူလို့မျိုးမစောင့်ဘူးလို့ အပြောခံရသေးတယ်။ သူ့အဖေက ဗမာလေ။

စိုက်ထွေ(စစ်တွေ) မှာတွေ့ပြီး ညားတာ။ ကျွန်မကတော့ ပြန်ပြောလိုက်တယ်။အမျိုးစောင့်လို့ ဗိုက်မဝ၊ ခါးမ
လှဘူး။ အရက်သမားမယားပဲ ဖြစ်မှာလို့လေ။ ......."

ရခိုင်မလေသံနဲ့သာ ဖတ်ကြည့်ကြပါတော့ဗျာ။

Kyaw Win ::--
29th March, 2014

No comments:

Post a Comment