Pages

Pages - Menu

Sunday, March 2, 2014

ဘာစီလိုနာသို့ ပြောင်းရွှေ့မည့် အခွင့်အရေးကို ရော်နယ်ဒို ပယ်ချခဲ့ကြောင်း ကယ်ဒါရွန် ဖွင့်ဟ

RangonNewsDaily: March . 2 .2014
ခရစ္စတီယာနို ရော်နယ်ဒိုသည် ရီးယဲမက်ဒရစ်သို့ ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးဖြင့် မပြောင်းရွှေ့မီ ဘာစီလိုနာသို့ ပြောင်းရွှေ့
မည့် အခွင့်အရေးကို ငြင်းပယ်ခဲ့ကြောင်း ရီးယဲမက်ဒရစ် ဥက္ကဋ္ဌဟောင်း ရေမွန် ကယ်ဒါရွန်က ထုတ်ဖော် ပြောကြားလိုက်သည်။ပေါ်တူဂီ ကြယ်ပွင့် ကစားသမားသည် ၂၀၀၉ ခုနှစ်က မန်ချက်စတာယူနိုက်တက်မှ မက်ဒရစ်သို့ ယူရို ၉၄ သန်းဖြင့် ပြောင်းရွှေ့ခဲ့
ပြီးနောက် ဆန်တီယေဂို ဘာနေဗျူးတွင် ကြီးမားသည့် အောင်မြင်မှုများ ရရှိခဲ့ကာ ၎င်း၏ နိုင်ငံအသင်းနှင့် ကလပ်အသင်းအတွက် စွမ်းဆောင်မှုများကြောင့် 2013 Ballon d’Or ဆုကို ရရှိခဲ့သူ ဖြစ်သည်။
သို့သော်လည်း ယူနိုက်တက် မန်နေဂျာဟောင်း ဆာအဲလက်စ် ဖာဂူဆန်သည် အဆိုပါ တိုက်စစ်မှူးကို ပြိုင်ဘက် ဘာကာသို့ ရောင်းချ
ရန် ကြိုးပမ်းခဲ့သော်လည်း ရော်နယ်ဒိုက ငြင်းဆိုခဲ့ကြောင်း မက်ဒရစ် ဥက္ကဋ္ဌဟောင်း ကယ်ဒါရွန်က ဆိုခဲ့သည်။

“ဒါဟာ တကယ့်ဖြစ်ရပ်ပါ။ သူ့ကို ဘာစီလိုနာကို ရောင်းဖို့ ကြိုးပမ်းခဲ့ကြပေမယ့် ရော်နယ်ဒိုက ရီးယဲမက်ဒရစ်က လွဲပြီး ဘယ်အသင်း

ကိုမှ မသွားဘူးလို့ ပြောကြားခဲ့ပါတယ်။ ဒါကြောင့်လည်း ကျွန်တော်တို့ စာချုပ်ချုပ်ဖြစ်ခဲ့တာပါ။ သူ့ကြောင့် အားလုံး ပျော်ရွှင်ခဲ့ရပါ
တယ်။ မန်ချက်စတာယူနိုက်တက်က ယူရို ၉၄ သန်း ရတယ်။ 

ရီးယဲမက်ဒရစ်က ကမ္ဘာ့အကောင်းဆုံး ကစားသမားကို ရလိုက်တယ်။ ခရစ္စတီယာနိုကလည်း သူ ကစားချင်တဲ့ အသင်းမှာ ကစားရ
တယ်။ သူ့လို ကစားသမားမျိုးက အသင်းသစ် ပြောင်းတဲ့အခါမှာ ပိုက်ဆံတစ်ခုတည်း မကြည့်တော့ဘူးလေ။ 

ဂုဏ်သိက္ခာတွေ၊ ဆုဖလားတွေ၊ ရွှေဖိနပ်တွေ ဒါတွေကိုပါ ရရှိနိုင်တဲ့ အသင်းကိုပဲ သူပြောင်းရွှေ့ဖို့ စဉ်းစားခဲ့တာပါ။ သူလိုချင်တာ မှန်
သမျှ ဖြည့်ဆည်းပေးမယ့် အသင်း လေး ငါးသင်းနဲ့ အပြိုင် ကျွန်တော်တို့ ခေါ်ယူနိုင်ခဲ့တာပါ” ဟု ကယ်ဒါရွန်က ပြောကြားခဲ့သည်။

ရော်နယ်ဒိုသည် ယခုနှစ် ဘောလုံးရာသီတွင် မက်ဒရစ်အတွက် လိဂ်ပွဲ ၂၁ ပွဲ ကစားပြီး ၂၂ ဂိုးသွင်းယူထားသူ ဖြစ်သည်။

Soccer Myanmar , 
kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment