Pages

Pages - Menu

Tuesday, March 25, 2014

မိကျောင်းကန် ၁၊ ၂၊ ၃ ပြည်သူများ၏ သိမ်းဆည်းခံမြေများ ပြန်လည်ရရှိရေး တတိယအကြိမ် သပိတ်စခန်းဖွင့်

(သပိတ်စခန်းဖွင့် ဆန္ဒပြနေသည့် မိကျောင်းကန် ပြည်သူများအား တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်))
RangonNewsDaily: March . 25 .2014
သင်္ဃန်းကျွန်းမြို့နယ် မိကျောင်းကန် ၁၊ ၂၊ ၃ ပြည်သူတို့ သိမ်းဆည်းခံမြေများ ပြန်လည်ရရှိရေး မတ် ၂၄ ရက်က ရန်ကုန်မြို့တော်
ခန်းမအနီး မဟာဗန္ဓုလပန်းခြံ နံဘေးတွင် တတိယအကြိမ်မြောက် သပိတ်စခန်း ဖွင့်လှစ်ကာ ဆန္ဒပြနေကြောင်း သိရသည်။လူအင်
အား ၂၀၀ ခန့်ရှိသော သပိတ်စခန်းဖွင့် တောင်းဆိုသူများသည် တောင်းဆိုချက် ခြောက်ချက်ပါ ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့
ကာ ယင်းထုတ်ပြန်ချက်များမရမချင်းသပိတ်စခန်;ရုပ်သိမ်းသွားမည် မဟုတ်ဘဲ ဆန္ဒပြတောင်းဆိုမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း
 သပိတ်စခန်းခေါင်းဆောင် ဦးစိန်သန်းက ဆိုသည်။
"တပ်မတော်က ကျွန်တော်တို့မြေတွေကို တံဆိပ်တွေ လက်မှတ်တွေနဲ့ ပြန်အပ်နှံပေးမှ လက်ခံမယ်။ ဒီလိုမှ မရဘူးဆို ဒီသပိတ်က အကြမ်းဖက်တာကို ထိုင်စောင့်နေပါတယ်။ အကြမ်းဖက်မှ ပြယုဂ်ကောင်းမယ်။ ကျွန်တော်တို့ကို အချော့နည်းတွေ မသုံးပါနဲ့။ တော်
ပါပြီ။ အားလုံးရဲ့ ဘ၀တွေကို ဒီမှာမြှုပ်နှံထားပါတယ်" ဟု ဦးစိန်သန်းက မီဒီယာများကို ပြောကြားသည်။

တောင်းဆိုချက်ခြောက်ချက်တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယဦးအောင်သိန်းလင်းနှင့်ဦးသိန်းညွန့်ထံ ပေးပို့သော
ကာကွယ်ရေး
န်ကြီး ဒုတိယဗိုလ်ချုပ်ကြီးဝေလွင် ပေးပို့သောအဆိုပါမြေများသည၁၈၉၄ ခုနှစ် မြေသိမ်းဥပဒေအရ ဆောင်ရွက်ခဲ့ခြင်းမဟုတ်သော်
လည်း မူလသက်ဆိုင်သူနှင့် ဆက်ခံသူများအား ပြန်လည်ပေးအပ်ရန် မရှိပါဟူသောစာတွင် စစ်မှုထမ်းအိမ်များ ဆောက်လုပ်မည် ဆိုသည်ကို ကန့်ကွက်ကြောင်း ပါရှိသည်။

ဆက်လက်ပြီး တောင်းဆိုချက်အပိုဒ် (၄)တွင် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ အမိန့်အရ မှားယွင်းသိမ်း

ဆည်းမြေများ ပြန်လည်ပေးအပ်မည်ဟု ကြေညာချက်ကို အကောင်အထည်ဖော်ရန် လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်
အမြန် ဖွဲ့ပေးရန်ဟူ၍ သပိတ်စခန်းဖွင့်သူများက တောင်းဆိုထားသည်။

"၃ လကြာပြီ။ ဘာမှမထူးခြားလို့ ထပ်ပြီး သပိတ်စခန်းဖွင့် တောင်းဆိုရတာပါ။ အဖွားအသက် ၇၄ နှစ်ရှိပြီး အခုထိ တောင်ဒဂုံ ၅၆ မှာ အိမ်ငှားနေရတုန်းပဲ။ အသိမ်းခံရတဲ့ မြေနေရာတွေမှာ ဟိုတုန်းကတည်းက အဆောက်အအုံတွေ ဆောက်ထားရင်ထားတော့။ အခုထိဘာမှ မလုပ်သေးဘဲနဲ့ အဖွားတို့မှာတော့ ငတ်တစ်လှည့် ပြတ်တစ်လှည့်နဲ့ ဟိုပြေးလိုက် ဒီပြေးလိုက် လုပ်နေရတယ်" ဟု အဆိုပါ သပိတ်စခန်းမှ ဒေါ်ဆင့်ဆင့်က ပြောကြားသည်။

ယင်းကဲ့သို့ သပိတ်စခန်းဖွင့် ဆန္ဒပြရန်အတွက် ကျောက်တံတားမြို့မ ရဲစခန်းသို့ ကြိုတင်ခွင့်ပြုချက် တင်ခဲ့ရာ ငြင်းပယ်ခြင်း ခံခဲ့ရကြောင်း၊ နောက်ဆုံး မတ် ၂၄ ရက် သပိတ်စခန်းဖွင့်ရန် ရန်ကုန်မြို့တော်ခန်းမ ရှေ့ရောက်မှ မြို့နယ်တာဝန်ရှိသူများက ခွင့်ပြုသည်ဟု အကြောင်းပြန်ခဲ့ကြောင်း သပိတ်စခန်းခေါင်ဆောင်း ဦးစိန်သန်းက ဆိုသည်။

ထို့ပြင် မိကျောင်းကန်ရှေ့တွင် သပိတ်စခန်းဖွင့်စဉ်က တပ်စည်ပင်မှ သပိတ်စခန်းဖွင့် တောင်းဆိုသူများကို စွဲဆိုထားသော ပုဒ်မ ၄၄၇ နှင့် ပုဒ်မ ၁၈၆ အမှုမှ ရုပ်သိမ်းပေးရန်ကိုလည်း သပိတ်စခန်းဖွင့် ဆန္ဒပြသူများ၏ တောင်းဆိုချက် အပိုဒ် (၅) တွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်က မိကျောင်းကန်မြေ သိမ်းခံရသူများသည် ပထမဆုံးအကြိမ် သပိတ်စခန်းကို မဟာဗန္ဓုလပန်းခြံ နံဘေးတွင်လည်းကောင်း၊ ဒုတိယအကြိမ် သပိတ်စခန်းကို သင်္ဃန်းကျွန်းမြို့နယ် မိကျောင်းကန်ရှေ့တွင် လည်းကောင်း နှစ်ကြိမ်ပြုလုပ်ခဲ့ပြီး ဆန္ဒပြခြင်းနှင့် သပိတ်စခန်းဖွင့်ခြင်း စုစုပေါင်း ၁၀ ကြိမ်ခန့် ပြုလုပ်ခဲ့ကြောင်း သပိတ်စခန်း ဖွင့်သူများထံမှ သိရသည်။

Eleven Media , 
kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment