Pages

Pages - Menu

Saturday, March 15, 2014

မင်းသမီးချော ဂျိုလီ ခွဲစိတ်ကုသမှု ခံယူမည်


RangonNewsDaily: March . 15 .2014
ဟောလီးဝုဒ် မင်းသမီးချော အိန်ဂျလီနာဂျိုလီသည် ရင်သားကင်ဆာ ဖြစ်ပွားနေမှုကို ကုသနိုင်ရန်အတွက် လွန်ခဲ့သောနှစ်က သားမြတ်ဖြတ် ထုတ်ခြင်း နှစ်ကြိမ် လုပ်ဆောင် ခဲ့ပြီးနောက် ယခုအခါ ခွဲစိတ်ကုသမှု ထပ်မံ ခံယူသွားမည် ဖြစ်ကြောင်း သိရသည်။
မိမိအနေဖြင့် ရင်သားကင်ဆာ ဖြစ်ပွားနိုင်မည့် အန္တရာယ် မြင့်တက်လာသည်ကို တွေ့ရှိခဲ့ပြီးနောက် ယင်းကဲ့သို့ ခွဲစိတ်ကုသမှု ခံယူရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် ခင်ပွန်းလောင်း ဖြစ်သူ ဘရတ်ပစ် အနေဖြင့်လည်း ယင်းဆုံးဖြတ်ချက်ကို လက်ခံကြောင်း အသက် ၃၈ နှစ်အရွယ်ရှိ ဂျိုလီက Entertainment Weekly ၏ အင်တာဗျူး အစီအစဉ်တစ်ခုတွင် ပြောကြားခဲ့သည်။

ဂျိုလီတွင် ရင်သားကင်ဆာ ဖြစ်ပွားမှု အန္တရာယ်မှာ ၈၇ ရာခိုင်နှုန်းခန့် ရှိပြီး သားအိမ်ကင်ဆာ ဖြစ်ပွားမှု အန္တရာယ် ၅ဝ ရာခိုင်နှုန်းခန့် ရှိကြောင်းနှင့် ယင်းကဲ့သို့ ဖြစ်ပွားနေမှုသည် မျိုးရိုးဗီဇကြောင့် ဖြစ်နိုင်ဖွယ် ရှိကြောင်း ဂျိုလီ၏ ဆရာဝန် ပါမောက္ခဟာနီဂါဘရာက ပြောကြားခဲ့သည်။


မြ၀တီ , 
kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment