Pages

Pages - Menu

Thursday, March 13, 2014

အင်းစိန် မြို့နယ်၊ ဖော့ကန် ရပ်ကွက်မီးလောင်မှု ကြောင့် စာရွက်စာတမ်း များ ပါသွား သဖြင့် စားမေးပွဲ ဖြေ ဆိုဆဲ ဆယ်တန်း ကျောင်းသား များ အခက် အခဲဖြစ်

RangonNewsDaily: March . 13 .2014
အင်းစိန် မြို့နယ်၊ ဖော့ကန် ရပ်ကွက် တွင် မတ်လ (၁၂) ရက်နေ့ ညနေ (၅) နာရီ (၁၅) မိနစ် အချိန်က မီးလောင်မှု တစ်ခု ဖြစ်ပွား ခဲ့ သောကြောင့် လက်ရှိ စာမေးပွဲ ဖြေနေဆဲ ဆယ်တန်း ကျောင်းသား ကိုးဦး ၏ စာ မေးပွဲ ဖြေဆို ခွင့်ကတ်များ အပါ အ၀င် မှတ်စု စာအုပ် စာတမ်း များ မီးလောင်မှုဆုံးရှုံး ခဲ့သော ကြောင့် အခက် အခဲ ဖြစ်နေ ကြောင်း အင်းစိန် မြို့နယ် NLD လူငယ်အဖွဲ့  ၀င် ကိုဇင်မင်းဦး က The Messenger သတင်းစာ သို့ ပြောသည်။
ကလေးတွေကတော့ စိတ်ဓာတ်ကျ သွားတာပေါ့။ အခု ကျွန်တော်တို့ သူတို့အ တွက်လိုအပ်တဲ့ စာအုပ် စာတမ်း တွေ အလှူခံ နေပါတယ်။ မီးလောင်ဆုံးရှုံးခဲ့တဲ့ မိသားစုဝင် တွေကို ရွာဦး ကျောင်းဓမ္မရုံမှာ ကယ်ဆယ် ရေး စခန်းဖွင့်ပေးထားတယ်”” ဟု မတ်လ (၁၂) ရက်နေ့ညပိုင်းအချိန်တွင် ကိုဇင်မင်းဦးက ပြောသည်။ ဖော့ ကန်ရပ်ကွက်အတွင်းနေ အိမ်တစ် အိမ်တွင် သောက်လက်စ စီးကရက်လိပ်ကို ခြင်ဆေးခွေပေါ် တင်ထားမိရာ က မီးစတင် လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး၊ နေအိမ် (၁၆) လုံး၊ မီးလောင်ဆုံးရှုံးခဲ့သဖြင့် မီးပေါ့ဆစွာသုံးစွဲသူ ကို (ပ) ၂၃၈/၁၄ ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း အင်းစိန် မြို့မ ရဲစခန်း မှ တာဝန်ရှိ သူတစ်ဦးက The Messenger သတင်းစာသို့ပြောသည်။

မတ်လ (၁၂) ရက်နေ့ ညဦးပိုင်းတွင် အင်းစိန်မြို့နယ် ပညာရေးမှူးက စာရွက်စာ တမ်းများဆုံရှုံး ခဲ့သော ကျောင်းသားများထံ စာမေးပွဲဝင်ခွင့်ကတ်မလိုဘဲ ဖြေဆိုခွင့်ရရန် လုပ်ဆောင် ပေးမည်ဖြစ်ကြောင်းနှင့် အနီးဝန်း ကျင် ဆရာမများကိုလည်း ကျောင်းသားများ အား အနီးကပ် သင်ကြားပေးရန် ညွှန်ကြား ခဲ့ကြောင်း ကိုဇင်မင်းဦး က ပြောသည်။ တက္ကသိုလ်ဝင် (၁၀) တန်းစာမေးပွဲ ကို မတ်လ (၁၂) ရက် နေ့တွင် မြန်မာစာ ဘာသာရပ်ကို စတင် ဖြေခဲ့ရပြီး၊ ယနေ့ အင်္ဂလိပ်စာ ဘာသာရပ်ဖြေရ မည်ဖြစ်သောကြောင့် ကျောင်းသားများ အနေဖြင့် မိမိတို့ ကျက်မှတ်နေကျမှတ်စုစာ အုပ်များ ဆုံးရှုံးပါက အခက်အခဲဖြစ်နိုင် ကြောင်း စိုးစံအောင်ကျူရှင်မှ ဆရာဇင်ကိုက ပြောသည်။

Messenger News ,kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment