Pages

Pages - Menu

Monday, March 17, 2014

al-Aqsa ဗလီအား ကျူးကျော်မှုကို ဆန္ဒပြသည့် ပါလက်စတိုင်း လူငယ်များကို အစ္စရေး တိုက်ခိုက်


RangonNewsDaily: March . 17 .2014
 ပါလက်စတိုင်းပိုင် အရှေ့ဂျေရုစလင်ရှိ အလ်အက်ဆာ ဗလီဝတ်ကျောင်းတော် ပရ၀ုဏ်အတွင်းသို့ 

ဝင်ရောက်ကျူးကျော်မှုအား ဆန့်ကျင် ဆန္ဒပြခဲ့ကြသည့် ပါလက်စတိုင်းလူငယ်များကို အစ္စရေး စစ်တပ်မှ 

တိုက်ခိုက်ခဲ့သည်ဟု သိရသည်။အဆိုပါဆန္ဒပြသူများ လူစုကွဲစေရန် အစ္စရေးစစ်တပ်က 

မီးခိုးဗုံးများအသုံးပြုကာ တိုက်ခိုက်ခဲ့သောကြောင့် ပါလက်စတိုင်းတစ်ဦး ဒဏ်ရာရရှိခဲ့ပြီး၊ 

ဆန္ဒပြသူများကလည်း အစ္စရေးစစ်သားများအား ခဲများ၊ မီးပန်းများဖြင့် ပြန်လည်ပစ်ပေါက်ခဲ့သည်။

လွန်ခဲ့သည့်လများမှအစပြုကာ အစ္စရေးစစ်တပ်နှင့် အစွန်းရောက်များက အလ်အက်ဆာ 
ဗလီဝတ်ကျောင်းတော်အတွင်းသို့ ၀င်ရောက်ဝတ်ပြုသော ပါလက်စတိုင်းများအားတိုက်ခိုက်ခဲ့ကြသည်။ 
ထို့ကြောင့် ပါလက်စတိုင်းများနှင့် အစ္စရေးစစ်တပ်တို့အကြားတွင် ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားခဲ့သည်။

ထို့ပြင် အစ္စလာမ်ဘာသာဝင်များ အလ်အက်ဆာ ဗလီဝတ်ကျောင်းတော်အတွင်းသို့ 
ဝင်ရောက်ဝတ်ပြုခြင်းအတွက် တင်းကြပ်သောကန့်သတ်မှုများလည်း ပြုလုပ်ခဲ့သည်။ ပြီးခဲ့သည့်
 ဖေဖော်ဝါရီ ၂၅ ရက်နေ့က အက်ဆာဗလီဝတ်ကျောင်းတော်အား သိမ်းပိုက်ရေးအစီအစဉ်တစ်ခုကို 
အစ္စရေးပါလီမန်တွင် ဆွေးနွေးခဲ့ကြသော်လည်း မဲခွဲမှု၊ လက်တွေ့ဆောင်ရွက်မှုများ မပြုလုပ်ခဲ့ပေ။

အစ္စလာမ့်မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ကမူ အစ္စရေးပါလီမန်၏ ထိုလုပ်ရပ်အား 
အန္တရယ်ရှိသော လုပ်ရပ်အဖြစ် ရှုတ်ချခဲ့ပြီး ထိုလုပ်ရပ်က ဂျေရုစလင်အား ဂျူးဝါဒ လွှမ်းမိုးရန်
 ဆောင်ရွက်မည့် အစ္စရေး၏ ရည်ရွယ်ချက်မှ အစိတ်အပိုင်းတစ်ခုဟု ပြောဆိုခဲ့သည်။

ပါလက်စတိုင်းအာဏာပိုင်များနှင့် လွတ်လပ်ရေး လှုပ်ရှားမှု ဆောင်ရွက်နေသော 
ဟားမတ်စ်အဖွဲ့ကလည်း အဆိုပါဗလီဝတ်ကျောင်းတော်အား အစ္စရေးနိုင်ငံအတွင်းသို့သွတ်သွင်းရန် 
အစီအစဉ်နှင့်ပတ်သက်၍ သတိပေးခဲ့သည်။

လွန်ခဲ့သောဆယ်စုနှစ်ပေါင်းများစွာမှစ၍ ပါလက်စတိုင်းပိုင် အရှေ့ဂျေရုစလင်တွင် တရားမ၀င် 
အခြေချအိမ်ရာများ တည်ဆောက်ခြင်း၊ သမိုင်းဝင်နေရာများအား ဖျက်ဆီးခြင်းနှင့်
 ဒေသခံပါလက်စတိုင်းများအား မောင်းထုတ်ခြင်း စသည်တို့ကိုဆောင်ရွက်၍ 
ပါလက်စတိုင်းလူ့အဖွဲ့အစည်းဖွံ့ဖြိုးမှုကို ပြောင်းလဲရန် အစ္စရေးက ကြိုးစားခဲ့သည်။

ဂျူများက Mount ဘုရားကျောင်းဟု ခေါ်ဆိုကြသည့် အက်ဆာဗလီဝတ်ကျောင်းတော်မှာ အစ္စရေးက 
သိမ်းပိုက်ထားသည့် ပါလက်စတိုင်းပိုင် ဂျေရုစလင်မြို့ဟောင်းတွင်တည်ရှိသည်။ ထိုကျောင်းတော်မှာ 
အစ္စလာမ်ဘာသာဝင်တို့၏ တတိယမြောက် အထွဋ်မြတ်ဆုံး ကျောင်းတော်ဖြစ်ပြီး၊ ဂျူးများက ၎င်းတို့၏
 မြင့်မြတ်သော ဌာနအဖြစ် မှတ်ယူကြသည်။

DB/HSN , M-Media , kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment