Pages

Pages - Menu

Tuesday, March 11, 2014

ရုပ်ရှင်တစ်ကားကို တစ်စက္ကန့်နဲ့ အပြီးဒေါင်းနိုင်မည့် 5G ကွန်ယက်နည်းပညာအတွက် ဗြိတိန်နှင့် ဂျာမနီ ပူးပေါင်းဆောင်ရွက်မည်


RangonNewsDaily: March . 11 .2014
ဗြိတိန်နှင့် ဂျာမနီနိုင်ငံတို့သည် မြန်နှုန်းမြင့် 5Gကွန်ရက် နည်းပညာအတွက် ပူးပေါင်းဆောင်ရွက်ကြရန် ရည်ရွယ်ထားကြောင်း သိရှိရသည်။ ဗြိတိသျှ ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်က ဂျာမနီနှင့် ဗြိတိန်တို့သည် စိတ်ကူးစိတ်သန်း၊ အချက်အလက် မျှဝေမှုနှင့် ထိုးထွင်းတီထွင်မှု ကဏ္ဍများတွင် 5Gကွန်ရက် နည်းပညာအတွက် ပူးပေါင်းသွားမည်ဟု ကြေညာသည်။
အနာဂတ်တွင် ဖြစ်ပေါ်လာမည့် 5G ကွန်ရက်သည် ရှည်လျားသည့် ရုပ်ရှင်ဇာတ်ကား တစ်ခုကိုပင် အင်တာနက်မှ (၁)စက္ကန့်ဖြင့် အပြီးDownload လုပ်နိုင်သည့် အခြေအနေမျိုး ဖြစ်လာမည်ဟု သုတေသီများက ခန့်မှန်းထားသည်။ ကင်မရွန်က CeBIT အခမ်းအနားအတွက် ဂျာမန်မြောက်ပိုင်း ဟန်နိုဗာသို့ တက်ရောက်စဉ် ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။ အဆိုပါ အခမ်းအနားသို့ ဂျာမန်ဝန်ကြီးချုပ် အန်ဂျလာ မာကယ်လ်လည်း ရောက်ရှိလာသည်။

ဂျာမနီ၏ ဒရက်စ်ဒန် တက္ကသိုလ်နှင့် ဗြိတိန်၏ ကင်းကောလိပ် တက္ကသိုလ်တို့ ပူးပေါင်းစီစဉ်သည့် နည်းပညာနှင့် ပတ်သက်ပြီး ကင်မရွန်က “ဒါဟာ တစ်ကမ္ဘာလုံးက သုတေသီတွေအတွက်တော့ ဧရာမ ဆုလာဘ်ကြီးတစ်ခု ဖြစ်လာပါလိမ့်မယ်။ 5Gနည်းပညာသစ်ဟာ ကျွန်တော်တို့ရဲ့ ဘဝတွေကို ပြောင်းလဲဖို့ ခမ်းနားကြီးကျယ်လှတဲ့ အလားအလာကောင်းတွေ ရှိနေပြီးသားပါ။ ကျွန်တော်တို့ဟာ စက်မှုတော်လှန်ရေး အသစ်တစ်ခုကို ဖန်တီးဖို့ အနီးစပ်ဆုံး ဖြစ်နေပါပြီ။ ဗြိတိန်နဲ့ ဂျာမနီက ဒါကို အတူပူးတွဲ ဦးဆောင်သွားချင်ပါတယ်”ဟု ပြောကြားခဲ့သည်။
 
 အဆိုပါ 5G ကွန်ရက်သစ် စမ်းသပ်တည်ထောင်မှု ကဏ္ဍအတွက် ပေါင်စတာလင် (၇၃)သန်းကို သုတေသန အသုံးစရိတ်အဖြစ် စတင်မြှုပ်နှံမည် ဖြစ်သည်။ တောင်ကိုရီးယား နိုင်ငံသည်လည်း လက်ရှိ 4G ကွန်ရက်များထက် အဆ(၁၀၀၀) မြန်နှုန်းမြင့်မည့် 5G ကွန်ရက်ကို သုတေသနပြု စမ်းသပ်မှု စတင်တော့မည်ဟုလည်း သတင်းများက ဖော်ပြထားသည်။

Planet News , kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment