Pages

Pages - Menu

Tuesday, February 11, 2014

သန်းခေါင်စာရင်းကောက်ယူရာတွင်ပဋိပက္ခဖြစ်ပွားလျက်ရှိသောဒေသများ ၌ NGO အဖွဲ့အစည်းများ ဝိုင်းဝန်းကူညီပေးမည်

RangonNewsDaily: February . 11 .2014
ပြည်လုံးကျွတ်သန်းခေါင်စာ ရင်းကောက်ယူရာတွင် ဒေသတွင်း ပဋိပက္ခဖြစ်ပွားလျက်ရှိသော ပြည် နယ်များတွင် ဒေသခံပညာရေးဝန် ထမ်းများသာမက UNFPA အပါ အဝင် UN အဖွဲ့အစည်းများကပါ ဝိုင်းဝန်းဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှတာဝန် ရှိသူတစ်ဦးကပြောသည်။

ဒေသတွင်းမငြိမ်းချမ်းသေးသော ပြည်နယ်များကို သန်းခေါင်စာရင်း ကောက်ယူရာ အခက်အခဲမဖြစ်စေ ရန် ဒေသခံများနှင့်ပူးပေါင်းဆောင် ရွက်လျက်ရှိပြီး ဘာသာစကား အခက်အခဲမရှိစေရန်အတွက်ဒေသ တွင်းရှိ ပညာရေးဝန်ထမ်းဆရာ ဆရာမများကို လေ့ကျင့်သင်တန်း ပေးထားကြောင်း သိရသည်။

တိုင်းရင်းသားလူမျိုးအသီးသီး ၏လူမျိုးစုငယ်လေးများနာမည်ခေါ် ဝေါ်ခြင်းနှင့်ပတ်သက်၍ တိုင်းရင်း သားအချင်းချင်း ညှိနှိုင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်းသိရသည်။
::
ယင်းသို့ ပြည်လုံးကျွတ်သန်း ခေါင်စာရင်းကောက်ယူရာတွင် မြန်မာနိုင်ငံသားမဟုတ်ဘဲ နိုင်ငံ တွင်း ဝင်ရောက်နေထိုင်နေသူများ ကိုပါ ကောက်ခံသွားမည်ဖြစ်ရာ ယင်း ကောက်ခံမှုသည် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေး အစီအမံများ ရေးဆွဲနိုင်ရန်အတွက် ပြည်တွင်းနေ လူထုအခြေအနေနှင့်ကိန်းဂဏန်း အချက်အလက်များ ရရှိရန်သာဖြစ် ပြီး အခြားမည်သည့်ကိစ္စရပ်များ၌ သန်းခေါင်စာရင်းအချက်အလက် များကို အသုံးပြုသွားမည်မဟုတ် ကြောင်း သိရသည်။

ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ခံမည့်စီမံချက်ကို အစိုးရ သစ်တက်ပြီး နှစ်လအကြာတွင် စတင်ရေးဆွဲခဲ့ခြင်းဖြစ်သည်။ သန်း ခေါင်စာရင်းကောက်ခံမှုကို အပိုင်း လေးပိုင်းဖြင့် ဆောင်ရွက်သွားမည် ဖြစ်ရာ ယခုအချိန်သည် ကြိုတင် ပြင်ဆင်ပညာပေးကာလအဖြစ် ဆောင်ရွက်နေကြောင်း၊
::
ဆက်လက် ၍လည်း လက်တွေ့ကောက်ယူခြင်း၊ ကောက်ယူပြီးစီးသည်များကို ပြန် လည်ထုတ်ပြန်ခြင်းများ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သန်းခေါင်စာရင်းလာရောက်ကောက်ယူမည့်နေ့ရက်ကို ကြိုတင် အကြောင်းကြားမည်ဖြစ်ပြီး ပေးထားသောမေးခွန်းများကို မှန်ကန် စွာဖြေကြားပေးရန် အထူးလိုအပ်ကြောင်း၊ မေးခွန်းများမှာ အမည်မှ စတင်၍ ဘာသာ၊ လူမျိုး၊ မသန်စွမ်းအခြေအနေ၊
::
ပညာရေး၊ အလုပ် အကိုင်၊ အိမ်ပိုင်ဆိုင်မှု၊ အလင်းရောင်အတွက်မီးအသုံးပြုမှု၊ သောက် သုံးရေရရှိမှု၊လောင်စာအသုံးပြုမှု၊ အိမ်သာအသုံးပြုမှု၊ အိမ်ထောင်ရှိပစ္စည်း စာရင်း၊ နိုင်ငံခြားရောက်ရှိနေသူများစာရင်း၊ အိမ်ထောင်စုဝင်သေဆုံးမှု စသည်များနှင့် သက်ဆိုင်သောမေးခွန်းများ ပါရှိမည်ဖြစ်ကြောင်း သိရ သည်။

The Union Daily ::--kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment