Pages

Pages - Menu

Sunday, February 23, 2014

HTC၏ စမတ်လက်ပတ်နာရီသစ်ကို စတင်မိတ်ဆက်ဖွယ်ရှိ

RangonNewsDaily: February . 23 .2014
စမတ်လက်ပတ်နာရီများ ထုတ်လုပ်ရောင်းချနေသည့် ဈေးကွက်အတွင်း HTCလည်း ပါဝင်လာဖွယ် ရှိနေကြောင်း သိရှိရသည်။ HTCသည် ၎င်းတို့၏ စမတ်လက်ပတ်နာရီ အသစ်ကို လာမည့်သီတင်းပတ်တွင် စတင်မိတ်ဆက် ပြသလာနိုင်ကြောင်း သတင်းများ ထွက်ပေါ်နေသည်။
သို့သော်လည်း HTC၏ လက်ပတ်နာရီသစ်ကို ဧရာမ အခမ်းအနားကြီး တစ်ရပ်ဖြင့် မိတ်ဆက်မည် မဟုတ်ဘဲ သီးခြားဖိတ်ကြားထားသူ အချို့နှင့်သာ အစီအစဉ် ပြုလုပ်မည်ဟုလည်း ဆိုသည်။ ထိုင်ဝမ် နည်းပညာ လုပ်ငန်းစုကြီးသည် ခန္ဓာကိုယ်တွင် ဝတ်ဆင်နိုင်သည့် စမတ်ကိရိယာ (၃)မျိုးကို ဖန်တီးစမ်းသပ်နေကြောင်း ကောလာဟလများ ထွက်ပေါ်နေပြီး လက်ပတ်နာရီသည် ယင်းတို့အနက်မှ တစ်ခုဖြစ်ဖွယ်ရှိသည်။

HTCသည် ကုန်ပစ္စည်းသစ် တရားဝင် မိတ်ဆက်သည့် အခမ်းအနားမျိုး မစီစဉ်ထားသလို လာမည့်သီတင်းပတ်တွင် စမတ်လက်ပတ်နာရီအပြင် အခြားသော ထုတ်ကုန်များ ပြသမည့် အစီအစဉ် ရှိမရှိကိုလည်း ကွဲကွဲပြားပြား မသိရသေးချေ။

သတင်းကြီးနေသည်မှာ စမတ်လက်ပတ်နာရီ အပြင် စမတ်ဖုန်းမှ သီချင်းဖွင့်ထားမှုကို ထိန်းချုပ်ပြောင်းလဲနိုင်မည့် လက်စွပ်နှင့် စမတ်မျက်မှန်တစ်မျိုးတို့ ဖြစ်ကြသည်။ HTCနှင့် နီးစပ်သူများက လာမည့်သီတင်းပတ်တွင် ယင်းကဲ့သို့ စမတ်အသုံးအဆောင်သစ်များကို HTCက ပွဲထုတ်လာလိမ့်မည်မှာ သေချာကြောင်း Bloombergသို့ အခိုင်အမာ ပြောကြားခဲ့သည်။ 

HTCသည် မိုဘိုင်းလ်နည်းပညာ လောကတွင် ရုန်းကန်နေရပြီး ပြီးခဲ့သည့် နှစ်ကုန်ပိုင်းကတည်းက အမြတ်ငွေ သိသိသာသာ လျော့ကျလာခြင်းကြောင့် ဖုန်းထုတ်လုပ်ခြင်းမှ ခန္ဓာကိုယ်တွင် ဝတ်ဆင်နိုင်သည့် စမတ်နည်းပညာ ပစ္စည်းများထံ အာရုံပြောင်းလာခြင်း ဖြစ်သည်။

Planet Myanmar Network , 
kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment