![]() |
အမေရိကန် ရုပ်ရှင် ဇာတ်ကား တစ်ကား ဖြစ်သည့် Gravity ရုပ်ရှင်ကားသည် (၆၇) ကြိမ်မြောက် ဗြိတိန်ရုပ်ရှင် နှင့် ရုပ်သံ အနုပညာ ဆုပေးပွဲ အခမ်းအနား Bafta တွင် ထူးချွန်ဆု ၆ ဆုကို ဆွတ်ခူး ရရှိသွား ခဲ့သည်ဟု သိရသည်။Gravity အမည်ရှိ အဆိုပါ ဇာတ်ကားကို ဒါရိုက်တာ Alfonso Cuaron ရိုက်ကူးကာ Sandra Bullock နှင့် George Clooney တို့က အဓိက ဇာတ်ဆောင် အဖြစ် ပါဝင်ပြီး ဗြိတိန်နိုင်ငံ တွင် ရိုက်ကူးခဲ့ခြင်း ဖြစ်သည်။ ၄င်း ရုပ်ရှင် ဇာတ်ကားသည် အကောင်းဆုံး ဗြိတိန် ရုပ်ရှင် ဇာတ်ကားဆု ၊ အကောင်းဆုံး ဒါရိုက်တာဆု ၊ အကောင်းဆုံး အသံဆု ၊ ရုပ်ထွက် အကောင်းဆုံးဆု ၊ အကောင်းဆုံး တေးဂီတဆု နှင့် ရုပ်ရှင် ရိုက်ကူးရေး ပညာ အကောင်းဆုံးဆု တို့ကို ရရှိ သွားခြင်း ဖြစ်သည်။
Gravity ရုပ်ရှင်ဇာတ်ကား သည် အာကာသ ခရီးစဉ် တစ်ခုအတွင်း အာကာသ စခန်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး နောက် ကမ္ဘာမြေပြင် သို့ ပြန်လည် ရောက်ရှိ နိုင်ရေး ကြိုးပမ်း ခဲ့ရသည့် အာကာသ ယာဉ်မှူး ၂ ဦး၏ ခက်ခဲ ကြမ်းတမ်းသော အားထုတ်မှု များကို ရိုက်ကူး တင်ပြထားသည့် ရုပ်ရှင်ကား ဖြစ်သည်။ (ဆင်ဟွာ)
Themyawadydaily , kolatt(PBDN)
RangonNewsDaily

No comments:
Post a Comment