Pages

Pages - Menu

Monday, February 10, 2014

ကိုးနှစ်ကျော်ကြာသည့်တိုင် ပြည်လေယာဉ်ကွင်းသို့ လေယာဉ် ဆင်းသက်မှုမရှိ

Photo: ကိုးနှစ်ကျော်ကြာသည့်တိုင် ပြည်လေယာဉ်ကွင်းသို့ လေယာဉ် ဆင်းသက်မှုမရှိ
Monday, February 10, 2014

ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင်ရန် ကြိုးစားလျက်ရှိသော ပျူသရေခေတ္တရာ ရှေးဟောင်းမြို့ရှိရာ ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း ပြည်မြို့ရှိ ပြည်လေယာဉ်ကွင်းသည် ကိုးနှစ်ကျော် ကြာသည့်တိုင်အောင် အထူးခရီးစဉ်များ အပါအဝင် ခရီးသည် လေယာဉ်လိုင်းများ လုံးဝဆင်းသက်မှု မရှိကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

၁၉၅၃ ခုနှစ်က စတင်ဆောက်ခဲ့သော ပြည်လေဆိပ်မှာ လေယာဉ်ပြေးလမ်း အလျား ၄၅၀၀ ပေ၊ အနံ ၁၅၀ပေ ရှိကာ ကျောက်ကတ္တရာခင်း အမျိုးအစား ဖြစ်ပြီး ၄၂ ဦး စီးနိုင်သည့် F 27 လေယာဉ်များ ဆင်းသက်နိုင်သည့် ကွင်းဖြစ်ကြောင်း ပြည်လေယာဉ်ကွင်း မှတ်တမ်းများအရ သိရသည်။

“လေယာဉ်က ဆင်းလို့ရတယ်။ VIP ခရီးစဉ် မဆင်းတာတောင် ၉ နှစ်လောက်ရှိပြီ။ ခရီးသည်တွေ မသွားတာက ၁၅ နှစ်လောက်တောင် ရှိတယ်။ ခရီးစဉ် မရှိတော့ လေကြောင်း ဦးစီးဌာနက ချပေးတဲ့ ရန်ပုံငွေ အသုံးစရိတ်လည်း မရှိဘူး” ဟု ပြည်လေယာဉ်ကွင်းနှင့် ပတ်သက်၍ မြို့နယ်ဆောက်လုပ်ရေး အင်ဂျင်နီယာရုံးမှ လက်ထောက် အင်ဂျင်နီယာတစ်ဦးက ဆိုသည်။

အဆိုပါ လေယာဉ်ကွင်းမှာ ရှေးဟောင်း သုတေသနမှ သတ်မှတ်ထားသည့် ကမ္ဘာ့ အမွေအနှစ်စာရင်း တင်သွင်းထားသည့် သရေခေတ္တရာ နယ်မြေထဲတွင် ပါဝင်နေသည့်အတွက် လက်ရှိ အနေအထား အတိုင်းသာ ထားရှိနေရပြီး ယခုကွင်းကို တိုးချဲ့ရန်နှင့် အသစ်တည်ဆောက်ရန်အတွက် ရှေးဟောင်းဌာနက ခွင့်ပြုမည် မဟုတ်ကြောင်း ၎င်းက မှတ်ချက်ပြု ပြောကြားသည်။

“လေယာဉ်ကွင်းထဲမှာ ယာဉ်မောင်း သင်ကြတယ်။ ချိန်းတွေ့တာတွေလည်း ရှိတယ်။ ကျွန်တော်တို့က ညနေခြောက်နာရီ နောက်ပိုင်းဆို တံခါးပိတ်ခိုင်းတယ်။ ဒါပေမဲ့နောက် လူသွားလမ်းတွေက အထဲက ဝင်နိုင်တယ်။ လှည့်ကင်းတွေလည်း ညဘက်ကွင်းထဲကို ပတ်တယ်။ စုံတွဲတွေ တွေ့ရင်လည်း ပြန်ခိုင်းတယ်။ မှုခင်းဖြစ်တာမျိုးတော့ မရှိဘူး” ဟု အမှတ် (၃) နယ်မြေရဲစခန်းမှ စခန်းမှူး ဦးစိုးလှိုင်ဦးက ဆိုသည်။

ပြည်လေယာဉ်ကွင်းတွင် နှစ်ထပ် လေကြောင်း ထိန်းချုပ်ရေး မျှော်စင်နှင့် နားနေဆောင်တို့လည်း ရှိပြီး အသုံးပြုသူ မရှိသည့်အပြင် ထိန်းသိမ်းမှုလည်း မရှိသည့်အတွက် ယိုယွင်း ပျက်စီးနေကြောင်း ဒေသခံများထံမှ သိရှိရသည်။

The Voice Weekly

RangonNewsDaily: February . 10 .2014
ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင်ရန် ကြိုးစားလျက်ရှိသော ပျူသရေခေတ္တရာ ရှေးဟောင်းမြို့ရှိရာ ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း ပြည်မြို့ရှိ ပြည်လေယာဉ်ကွင်းသည် ကိုးနှစ်ကျော် ကြာသည့်တိုင်အောင် အထူးခရီးစဉ်များ အပါအဝင် ခရီးသည် လေယာဉ်လိုင်းများ လုံးဝဆင်းသက်မှု မရှိကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။ ၁၉၅၃ ခုနှစ်က စတင်ဆောက်ခဲ့သော ပြည်လေဆိပ်မှာ လေယာဉ်ပြေးလမ်း အလျား ၄၅၀၀ ပေ၊ အနံ ၁၅၀ပေ ရှိကာ ကျောက်ကတ္တရာခင်း အမျိုးအစား ဖြစ်ပြီး ၄၂ ဦး စီးနိုင်သည့် F 27 လေယာဉ်များ ဆင်းသက်နိုင်သည့် ကွင်းဖြစ်ကြောင်း ပြည်လေယာဉ်ကွင်း မှတ်တမ်းများအရ သိရသည်။

“လေယာဉ်က ဆင်းလို့ရတယ်။ VIP ခရီးစဉ် မဆင်းတာတောင် ၉ နှစ်လောက်ရှိပြီ။ ခရီးသည်တွေ မသွားတာက ၁၅ နှစ်လောက်တောင် ရှိတယ်။ ခရီးစဉ် မရှိတော့ လေကြောင်း ဦးစီးဌာနက ချပေးတဲ့ ရန်ပုံငွေ အသုံးစရိတ်လည်း မရှိဘူး” ဟု ပြည်လေယာဉ်ကွင်းနှင့် ပတ်သက်၍ မြို့နယ်ဆောက်လုပ်ရေး အင်ဂျင်နီယာရုံးမှ လက်ထောက် အင်ဂျင်နီယာတစ်ဦးက ဆိုသည်။

အဆိုပါ လေယာဉ်ကွင်းမှာ ရှေးဟောင်း သုတေသနမှ သတ်မှတ်ထားသည့် ကမ္ဘာ့ အမွေအနှစ်စာရင်း တင်သွင်းထားသည့် သရေခေတ္တရာ နယ်မြေထဲတွင် ပါဝင်နေသည့်အတွက် လက်ရှိ အနေအထား အတိုင်းသာ ထားရှိနေရပြီး ယခုကွင်းကို တိုးချဲ့ရန်နှင့် အသစ်တည်ဆောက်ရန်အတွက် ရှေးဟောင်းဌာနက ခွင့်ပြုမည် မဟုတ်ကြောင်း ၎င်းက မှတ်ချက်ပြု ပြောကြားသည်။

“လေယာဉ်ကွင်းထဲမှာ ယာဉ်မောင်း သင်ကြတယ်။ ချိန်းတွေ့တာတွေလည်း ရှိတယ်။ ကျွန်တော်တို့က ညနေခြောက်နာရီ နောက်ပိုင်းဆို တံခါးပိတ်ခိုင်းတယ်။ ဒါပေမဲ့နောက် လူသွားလမ်းတွေက အထဲက ဝင်နိုင်တယ်။ လှည့်ကင်းတွေလည်း ညဘက်ကွင်းထဲကို ပတ်တယ်။ စုံတွဲတွေ တွေ့ရင်လည်း ပြန်ခိုင်းတယ်။ မှုခင်းဖြစ်တာမျိုးတော့ မရှိဘူး” ဟု အမှတ် (၃) နယ်မြေရဲစခန်းမှ စခန်းမှူး ဦးစိုးလှိုင်ဦးက ဆိုသည်။

ပြည်လေယာဉ်ကွင်းတွင် နှစ်ထပ် လေကြောင်း ထိန်းချုပ်ရေး မျှော်စင်နှင့် နားနေဆောင်တို့လည်း ရှိပြီး အသုံးပြုသူ မရှိသည့်အပြင် ထိန်းသိမ်းမှုလည်း မရှိသည့်အတွက် ယိုယွင်း ပျက်စီးနေကြောင်း ဒေသခံများထံမှ သိရှိရသည်။

The Voice  , kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment